တူရကီအနေဖြင့် S-400 ရုရှားဒုံးခွင်းဒုံးစနစ်ဝယ်ယူပါက
F-35 တိုက်လေယာဉ်အစီအစဉ်ကို ပယ်ဖျက်မည်ဟု အမေရိကန်ပြော

တူရကီနိုင်ငံအနေဖြင့် S-400 ရုရှားဒုံးခွင်းဒုံးစနစ်အား ဝယ်ယူမည့်ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် ဇူလိုင်လကုန်ပိုင်းအထိ စဉ်းစားခွင့်ပေးထားကြောင်းနှင့် အကယ်၍ ဝယ်ယူမည်ဆိုပါက F-35 တိုက်လေ ယာဉ်လေ့ကျင့်သင်ကြားပေးမှု အစီအစဉ်ကို ဖျက်သိမ်းပစ်မည်ဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်က တူရကီနိုင်ငံအား သတ်မှတ်ပေးထားသည့် နောက်ဆုံး ဆုံးဖြတ် ချက် ချမှတ်ရမည့် အချိန်ကာလသည် လုံလောက်မှုရှိပါကြောင်း အမေရိကန်လက်နက်စု ဆောင်းရေးနှင့် ထိန်းသိမ်းရေးဌာန အကြီးအကဲ အီလန်လော့ဒ်က ပြောကြားခဲ့သည်။
တူရကီသမ္မတ အာဒိုဂန်က ၎င်းအနေဖြင့် S-400 ရုရှားဒုံးခွင်းဒုံးစနစ်အား ဝယ်ယူ ရန် ဆုံးဖြတ်ချက်ချမှတ်ထားပြီးဖြစ်သည်ဟု ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်တာဝန်ရှိသူများက တူရကီနိုင်ငံအား F-35 အစီအစဉ် ဆက်လက်လုပ်ဆောင်နိုင်စေရန်အလို့ငှာ အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်ကိုသာ ဝယ်ယူစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တူရကီအစိုးရက အမေရိကန်၏ F-35 တိုက်လေယာဉ်အစီး ၁၀ဝ ခန့်ကိုလည်း ဝယ်ယူရန်စီစဉ်ထားကြောင်းသိရသည်။ သို့သော် အမေရိကန်၏ကမ်းလှမ်းမှုသည် အပြုသဘောဆောင်မှသာ ဝယ်ယူရန်ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်သည်ဟု တူရကီသမ္မတ အာဒိုဂန်က ဆိုသည်။
အင်န်အိတ်ချ်ကေ
No comments:
Post a Comment