ရွှေ့ပြောင်းလာသူများအရေး အမေရိကန်နှင့် မက္ကဆီကိုနိုင်ငံအကြား သဘောတူညီမှုရရှိ
=

ဝါရှင်တန် ဇွန် ၈
ရွှေ့ပြောင်းသူများအား မက္ကဆီကိုနိုင်ငံမှတစ်ဆင့် အမေ ရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်မှုမရှိစေရေးနှင့်ပတ်သက် ပြီး အမေရိကန်နှင့် မက္ကဆီကိုနိုင်ငံအကြားသဘောတူညီ မှုတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ယနေ့သတင်းများ အရ သိရသည်။
အစီအစဉ်ကို ဆိုင်းငံ့အဆိုပါသဘောတူညီမှုရရှိခဲ့ခြင်းကြောင့် မက္ကဆီကို နိုင်ငံမှကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှု ၅ ရာခိုင် နှုန်းတိုးမြှင့်မည့် သူ၏အစီအစဉ်ကို ဆိုင်းငံ့ခဲ့သည်ဟု သမ္မတ ဒေါ်နယ်ထရန့်က ဆိုသည်။
မက္ကဆီကိုနိုင်ငံက ရွှေ့ပြောင်းလာသူများအား အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်မှုမရှိစေရေးအတွက် တင်းကျပ်စွာထိန်းချုပ်ကိုင်တွယ်ရမည်ဖြစ်သည်။
သမ္မတထရန့်ကလည်း အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသူများ ဝင်ရောက်လာပါက မက္ကဆီကိုနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းများအား အခွန်စည်းကြပ်မည် ဖြစ်သည်ဟု ခြိမ်းခြောက်မှုများ အဆက်မပြတ်လုပ်ဆောင် လျက်ရှိသည်။
နှစ်နိုင်ငံသဘောတူညီမှုရရှိခဲ့ပြီးနောက် အမေရိကန် တောင်ဘက်ပိုင်းသို့ ရွှေ့ပြောင်းလာသူများ ဝင်ရောက်မှုကို တင်းကျပ်စွာတားမြစ်ပိတ်ပင်မည့် လုပ်ငန်းစဉ်များ မက္ကဆီ ကိုနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ် သည်ဟု သမ္မတထရန့်က သူ၏တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားခဲ့ကြောင်း သိရသည်။
သမ္မတထရန့်က ဇွန် ၁၀ ရက်မှစပြီး မက္ကဆီကို ကုန်ပစ္စည်းများအပေါ် ၅ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံ သွားမည်ဖြစ်သည်ဟု ကနဦးက စီစဉ်ထားခဲ့သည်။
နှစ်နိုင်ငံသဘောတူညီချက်အရ မက္ကဆီကိုနိုင်ငံက ရွှေ့ပြောင်းလာသူများ အမေရိကန်နိုင်ငံသို့ ဝင်ရောက်မှုမရှိ စေရန် အစောင့်တပ်ဖွဲ့များ တပ်ဖြန့်ချထားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်က တိုးမြှင့်ကောက်ခံမည့် အခွန်စည်း ကြပ်မှုကို မက္ကဆီကိုနိုင်ငံသားများ၏ ပူးပေါင်းဆောင်ရွက် မှုကြောင့် ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်သည်ဟု မက္ကဆီကိုသမ္မတ အန်ဒရူးစ် မန်နျူရယ် လိုပက်စ် အိုဘာရာဒိုက ပြောကြားခဲ့ သည်။ အင်န်အိတ်ချ်ကေ
No comments:
Post a Comment