ဆူဒန်နိုင်ငံတွင် ဒီမိုကရက်တစ်အကူးအပြောင်း လျင်မြန်စွာလုပ်ဆောင်ရန် အီသီယိုးပီးယားဝန်ကြီးချုပ် တိုက်တွန်း
ခါတွန် ဇွန် ၈
ဆူဒန်နိုင်ငံ မြို့တော်ခါတွန်တွင် ဆန္ဒပြသူများအား ဆူဒန် စစ်ဘက်မှ ဖြိုခွဲခဲ့ရာတွင် လူအသေအပျောက်များစွာ ဖြစ် ပေါ်ခဲ့ခြင်းအတွက် ဆူဒန်စစ်ဘက်မှ ဗိုလ်ချုပ်ကြီးများအား နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချမှုများဖြစ်ပေါ်ပြီးနောက် ရက်အနည်းငယ်အတွင်း ဆူဒန်စစ်ဘက် အုပ်စိုးသူများနှင့် ဆန္ဒပြသမားခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေး မှုအသစ်များ ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းရန် အီသီ ယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် အဘီအာမက်သည် ဆူဒန် နိုင်ငံ မြို့တော် ခါတွန်သို့ မေ ၇ ရက်က သွားရောက်ခဲ့သည်။
အီသီယိုးပီးယားဝန်ကြီးချုပ်က မေ ၇ ရက်တွင် ဆူဒန် နိုင်ငံအား အုပ်စိုးသူ ဗိုလ်ချုပ်ကြီးများ၊ ဆန္ဒပြသမား ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့စဉ်တွင် ဆူဒန်နိုင်ငံတွင် ဒီမိုကရက်တစ်အကူးအပြောင်း လျင်မြန်စွာလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ အီသီယိုးပီးယားဝန်ကြီးချုပ်သည် မြို့တော်ခါတွန်တွင် လူအသေအပျောက်ရှိသည့် ဆန္ဒပြ သမားများအား ဖြိုခွဲမှုဖြစ်ခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် ဆူဒန်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ဆူဒန်စစ်ဘက် အာဏာပိုင်များနှင့် ဆန္ဒပြ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ် ရေးအတွက် စေ့စပ်ညှိနှိုင်းပေးရန်အတွက် ဒေသအတွင်း အရေးပါသည့် ခေါင်းဆောင်တစ်ဦးအဖြစ် အီသီယိုးပီးယား နိုင်ငံဝန်ကြီးချုပ် အဘီအာမက်သည် ခါတွန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဆူဒန်စစ်ဘက်အာဏာပိုင် များက အရပ်သားများဦးဆောင်သည့် အသွင်ကူးပြောင်း ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ ဖြစ်ပေါ်ရေးအတွက် လုပ်ဆောင်မှုမရှိမချင်း အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် မှ ဆူဒန်နိုင်ငံအား ဆိုင်းငံ့ထားရန် အာဖရိကသမဂ္ဂ(အေယူ)က ဇွန် ၆ ရက်တွင် ဆုံးဖြတ်ခဲ့ပြီးနောက်တွင် အီသီယိုးပီး ယားဝန်ကြီးချုပ် ဆူဒန်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
ဆူဒန်နိုင်ငံမြို့တော် ခါတွန်ရှိ ဆူဒန်ကာကွယ်ရေးဝန် ကြီးဌာနပြင်ပတွင် ရက်သတ္တတစ်ပတ်ကြာ ထိုင်သပိတ် ဆင်နွှဲနေသည့် အရပ်ဘက်အုပ်ချုပ်ရေး လိုလားသည့် ဆန္ဒပြသမားများက ဆူဒန်စစ်ဘက်မှ ဇွန် ၄ ရက်က သွေးထွက်သံယိုမှုများရှိသည့် ဖြိုခွဲမှုအပေါ် ဥရောပသမဂ္ဂ ဝေဖန်ရှုတ်ချမှုများ ရှိနေစဉ်အတွင်း အာဖရိကသမဂ္ဂက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အီသီယိုးပီးယားဝန်ကြီးချုပ်သည် ဆူဒန်စစ်ဘက်မှ ဗိုလ်ချုပ်ကြီးများ၊ ဆန္ဒပြခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဆူဒန်တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေး အတွက် ကာကွယ်မှုပေးရန်ဖြစ်ပြီး ပြည်သူများနှင့် နိုင်ငံ ရေးအင်အားစုများအနေဖြင့် နိုင်ငံ၏အနာဂတ်အရေး အတွက် စဉ်းစားတွေးခေါ်ကြရန်ဖြစ်ကြောင်း အီသီယိုးပီး ယားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အေအက်ဖ်ပီ

No comments:
Post a Comment