နေပြည်တော် ဇွန် ၈
နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ် စာဘာသာစကား ကျွမ်းကျင် မှုမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၃) ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မြေညီထပ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ òန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယòန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများနှင့် သင်တန်း သား သင်တန်းသူများ တက်ရောက်ကြသည်။
တစ်သက်တာသင်ယူမှုအခွင့်အလမ်းကောင်းများကို ဖန်တီး
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်မြင့်မားစေရေး အထောက်အကူဖြစ်စေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ သီတင်းပတ် ၁၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည့် အင်္ဂလိပ်စာ ဘာသာစကားကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၃)ကို တက်ရောက်လာကြသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စု အဖွဲ့အစည်း၂၅ ခုမှ သင်တန်းသား သင်တန်းသူ အရာထမ်း ၁၀၄ ဦး၊ အမှုထမ်း ၁၀၄ ဦးတို့အား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ သင်တန်းအမှတ်စဉ်(၂)ကို အရာထမ်း ၇၀၊ အမှုထမ်း ၅၅ ဦးတို့ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်မှု လက်မှတ် (Certificate of English Language Proficiency) အား မေ ၂၉ ရက်က ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါသည် နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာစေရန် ပြည်သူနဲ့အတူ လက်တွဲကြိုးပမ်း နေချိန်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်း အကျုံးဝင်သော အရည်အသွေးမြင့်ပညာရေးနှင့် လူတိုင်းအတွက် တစ်သက်တာ သင်ယူမှုအခွင့်အလမ်းကောင်းများကို ဖန်တီးဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ယခုသင်တန်းသည် သင်တန်းသား သင်တန်းသူများအား အင်္ဂလိပ် ဘာသာစကားလေ့လာသူများဖြစ်လာအောင်၊ မိမိအလုပ်အကိုင်တိုးတက်မှု အခွင့်အလမ်းရှာဖွေသူများဖြစ်လာအောင် ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် သင်တန်းသား သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ သင်တန်းအမှတ်စဉ်(၃)ကို ဇူလိုင် ၂၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment