Tuesday, June 11, 2019


မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး
Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဇွန် ၁၀
မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ် ငန်း ကြီးကြပ်ရေးဗဟိုအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တက်ရောက်အစည်းအဝေးသို့ ဗဟိုအ¸ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်နှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက ဗဟိုအ¸၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ် ၂၉ ရက်က ကျင်းပခဲ့ကြောင်း၊ ထိုအစည်း အဝေးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ငါးရပ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် အစည်း အဝေးတွင် ကမ်းရိုးတန်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင် ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ကို တက်ရောက်လာသည့် အ¸ဝင် များက ပွင့်လင်းရင်းနှီးစွာ အဖြေ ထွက်သည်အထိ ဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
နှုန်းထားများသတ်မှတ်
အစည်းအဝေးတွင် မြန်မာ့ ကမ်းရိုးတန်းသို့ လာရောက်လည် ပတ်မည့် ခရီးသည် ပို့ဆောင်သည့် နိုင်ငံခြား ရေယာဉ်များအား လုပ်ငန်းလိုင်စင် ယာယီထုတ်ပေးရာ တွင် ခရီးစဉ်တစ်ခေါက်အတွက် နှုန်းထားများ သတ်မှတ်ခြင်း၊ မြန်မာ နိုင်ငံသား လုပ်ငန်းရှင်များ လုပ်ကိုင် နိုင်ခြင်းမရှိသည့် လုပ်ငန်းများ၌ အသုံးပြုမည့် နိုင်ငံခြားရေယာဉ် တစ်မျိုးမျိုးကို အထူးကိစ္စရပ်အနေဖြင့် လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေ ကြောင်းသွား ရေယာဉ်များနှင့် စက်မဲ့ တွဲများ၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင် စင်ထုတ်ပေးထားသည့် စာရင်းများကို အတည်ပြု မှတ်တမ်းတင်ခြင်း၊ ပြည်တွင်း ရေကြောင်းသွား ရေယာဉ် ပိုင်ရှင်အသင်းနှင့် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များ အသင်းတို့က တင်ပြသော ကမ်းရိုးတန်းသွား ရေယာဉ်များနှင့် ပြည်တွင်းရေ ကြောင်းသွား ရေယာဉ်များ၏ ခုတ်မောင်း ပြေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စက်မဲ့ဆီတင်တွဲနှင့် စက်မဲ့ကုန်တင်တွဲများ၏ ရေယာဉ် အ္တရာယ်ကင်းရှင်းကြောင်း သက် သေခံ လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရေလမ်းကြောင်း ကောင်းမွန်ရေးကိစ္စရပ်များ၊ ပြည် တွင်းရေကြောင်းသွား ရေယာဉ်များ အတွက် ဆိပ်ကမ်းအခွန်ကောက် ခံခြင်းဆိုင်ရာ ကိစ္စရပ်များကို တက် ရောက်လာကြသည့် ဗဟိုအ¸ဝင် များက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ပေါင်းစပ်လုပ်ဆောင်
ကြီးကြပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် အစည်းအဝေး တက် ရောက်သူများ၏ ဆွေးနွေးပြောကြား ချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ဤဗဟိုအ¸အစည်းအဝေးမှ ဆုံးဖြတ်သည့်အတိုင်း အကောင် အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ ပိုမိုချောမွေ့စေရန်၊ အောင်အောင် မြင်မြင် လုပ်ဆောင်သွားနိုင်ရန် အတွက် ရေယာဉ်ပိုင်ရှင် အသင်းအ¸ များ၊ ရေကြောင်းနှင့်ပတ်သက်သောအသင်းဖွဲ့မျာအစည်းများ ပေါင်းစပ်ပြီး လုပ် ဆောင်သွားရန် ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment