Tuesday, June 11, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံ
Image may contain: 1 person, sitting and indoor
နေပြည်တော် ဇွန် ၁၀
စပါးဈေးနှုန်းကျဆင်းနေခြင်းနှင့် တောင်သူလယ်သမားများ အခက်အခဲဖြစ်ပေါ်နေမှုအပေါ် အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော်ရှိ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးရုံး၌ ကျင်းပရာ အခမ်းအနားသို့ 
ာင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ၊ òန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် အ¸ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အများပိုင် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဈေးနှုန်းတည်ငြိမ်မှုရှိ
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လက်ရှိ ဖြစ်ပေါ် နေသော စပါးဈေးနှုန်းကျဆင်းနေခြင်းနှင့် တောင်သူ လယ်သမားများ ထိခိုက်နစ်နာမှုကြုံတွေ့ နေကြရမှုအပေါ် အမြန်ဆုံး ကူညီဖြေရှင်းပေးနိုင်ရေးနှင့် ရေရှည်တွင် လည်း ဈေးနှုန်းတည်ငြိမ်မှုရှိစေမည့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ရမည့် အကြံÓဏ်များ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ရေး၊ အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် လိုအပ်ချက်များရှိပါက ဆွေးနွေး တင်ပြကြရန် ပြောကြားသည်။
ယနေ့ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှု တန်ဖိုး ချိန်ညှိဆောင်ရွက်နိုင်ရေး၊ အခြေခံဈေးနှုန်း သတ်မှတ်ချက်အရ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကွင်းဆင်းဝယ်ယူနေမှုများနှင့် သိုလှောင်ရုံအခြောက်ခံစက် အခက်အခဲဖြစ်ပေါ်နေမှု၊ ရက်တို ချေးငွေရရှိရေး ၊ ဝယ်နိုင်စွမ်းအားတိုးမြှင့်ပေးနိုင် ရေး၊ လာမည့်မိုးစပါးရာသီအတွက် ကြိုတင်ပြင်ဆင်ရေး၊ ဈေးကွက်လမ်းကြောင်းတိုးမြှင့်ရှာဖွေရေး ၊ ပြည်ပတင်ပို့ ရောင်းချမှုအတွက် စံချိန်စံòန်းဆိုင်ရာ လိုအပ်သော စစ်ဆေးအတည်ပြုချက်များ လျင်မြန်သွက်လက်မှု ရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်နေမှုအပေါ် လိုအပ် သော အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးရေးနှင့် စက်ပိုင်များ ၏ စပါးဝယ်ယူမှု တိုးတက်စေရေးအတွက် စွမ်းအင်လိုအပ် ချက် ဖြည့်ဆည်းပေးရန်တို့ကို ဆွေးနွေးကြကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment