ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး
နေပြည်တော် ဇွန် ၆
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင် ၏ ချင်းပြည်နယ် ကန်ပက် လက်မြို့ဟောင်း ဧရိယာအတွင်း ဟိုတယ်နှင့် တည်းခို ခန်းများအား ချထားပေးသောမြေများကို ပြန်လည်တိုင်းတာပြီး ခွင့်ပြုဧရိယာ ထက် ကျော်လွန်အသုံးပြုမှုများရှိပါက အိမ်ရာမရှိသေးသော ဒေသခံများအား မြေကွက်များချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကန်ပက်လက်မြို့ဟောင်း ဧရိယာအတွင်းတွင် ဖွင့်လှစ်လုပ် ကိုင်လျက်ရှိသော ဟိုတယ်အဆောက်အအုံငါးလုံး၏ မြေယာပိုင်ဆိုင်မှုများသည် ပြည်နယ်အစိုးရ အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် မြေအသုံးပြုခွင့်ရရှိထားခြင်း၊ ဒေသခံ မြေပိုင်ရှင်များထံမှ ဝယ်ယူထားခြင်း၊ မူလမြေပိုင်ဆိုင်ထားသူများနှင့် အကျိုးတူ မြေယာငှားရမ်းထားခြင်းတို့ဖြစ်ပြီး တည်ဆဲမြေယာဥပဒေများနှင့်အညီ မြေငှား ဂရန်များ လျှောက်ထားရယူ၍ အသုံးပြုလျက်ရှိသော မြေများဖြစ်ပါကြောင်း၊ ၎င်းတို့မြေငှားဂရန် ရရှိထားသည့် မြေဧရိယာများသည် ခွင့်ပြုဧရိယာထက် ကျော်လွန်၍ အသုံးပြုမှုများ မရှိပါကြောင်း။
ကန်ပက်လက်မြို့ဟောင်း လမ်းဘေးတစ်လျှောက် ကားလမ်းဘေး ဝဲ၊ ယာ များတွင် ချန်လှပ်ထားသော မြေများနှင့်စပ်လျဉ်း၍ အဆိုပါမြေများတွင် ပေ(၆ _ ၈၀)မြေကွက်များမရှိဘဲ ၂၀၁၁ ခုနှစ်မတိုင်မီကပင် ပုဂ္ဂလိက ၁၈ ဦး အား မြေစာရင်းပုံစံ (၁၀၅/၁၀၆)များ ရေးဆွဲပေးခဲ့သည့် မြေနေရာများဖြစ်ပြီး ယင်းမြေနေရာများတွင် အဆိုပါပုဂ္ဂိုလ်များမှ နေထိုင်မှုမရှိသေးသည့်အပြင် မြေငှားဂရန်များလျှောက်ထားလာခြင်း မရှိသေးပါကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ မပြဋ္ဌာန်းမီက ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ကြိုတင်တည်ဆောက်ခြင်း ဆိုင်ရာ ခွင့်ပြုမိန့်ပေးခြင်း၊ ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်များ ခွင့်ပြုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာတွင် တင်ပြလာ သော အဆိုပြုလျှောက်ထားချက်များတွင် မြေယာပိုင်ဆိုင်မှုအထောက်အထား များ (သို့မဟုတ်) အကျိုးတူပူးပေါင်းမြေယာငှားရမ်းထားမှု အထောက်အထား များအပေါ် ကြည့်ရှုစစ်ဆေးကာ ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြပြီးမှသာ ခွင်ပြုပေးခဲ့ပါကြောင်း။
ယခုအခါ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ ၂၀၁၈ ခုနှစ်အရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွဲ့စည်းထားရှိသော ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများအနေဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ကြိုတင်တည်ဆောက်ခြင်းဆိုင်ရာ ခွင့်ပြုမိန့်ပေးခြင်း၊ ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းလိုင်စင် ခွင့်ပြုပေးခြင်းတို့ကို တိုက်ရိုက်ကြီးကြပ်ထုတ်ပေးခွင့်ပြုထားပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကျောက်ဖြူ(ရွာသစ်) အခြေခံပညာမူလတန်း ကျောင်း(ခွဲ)တွင် ကျောင်းဆောင်တစ်ဆောင်နှင့် ရွှေပြည်သစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ဝင်းစားထောင့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ျွဃ တစ်ထပ်ကျောင်းဆောင်တစ်ဆောင်စီ တို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လွှတ်တော်ကိုယ်စားလှယ်တင်ပြသည့် ကျောက်တော်မြို့နယ် ကျောက်ဖြူ (ရွာသစ်) အခြေခံပညာမူလတန်းကျောင်း(ခွဲ)၊ ရွှေပြည်သစ်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းနှင့် ဝင်းစားထောင့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် တစ်ထပ်ကျောင်းဆောင်တစ်ဆောင်စီ ဆောက်လုပ်ရန် ရန်ပုံငွေကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထား ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ ဒင်လိုပါး(Dinlopa) ကျေးရွာနှင့် ဒေါင်ဗား(Dongva) ကျေးရွာတို့အကြားရှိ ကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့ထွင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်ကလည်းကောင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် ဘဂ¯လီများကို ပြန်လည်နေရာချထားပေးမည့်ကိစ္စနှင့် ပတ်သက်ပြီး နောက်ထပ် ARSA အကြမ်းဖက်တိုက်ခိုက်မှုမျိုး မဖြစ်ပွားရ အောင် မောင်တောမြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုး များ၏ ဘဝလုံခြုံမှု ရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့နေထိုင်ရေးတို့အတွက် မည်သို့ စီမံ ဆောင်ရွက် ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ကလည်းကောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိန်းလွင်၏ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်အတွင်းရှိ မံမလင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၏ ပညာရေး ဝန်ကြီးဌာနလက်အောက်ရှိ နေ့စားဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ထားရှိနိုင် ရေးအခြေအနေနှင့် တက္ကသိုလ်အသီးသီးတွင် တာဝန်ထမ်း ဆောင်နေသော ဆရာ ဆရာမများအား အိမ်ခန်း၊ အဆောင်များချထားပေးရာတွင် သတ်မှတ်ထားသောမူဝါဒများနှင့် လိုအပ်လျက်ရှိသော အိမ်ခန်း၊ အဆောင်များ ရရှိရန် မည်သို့စီမံထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘို ကျေးရွာအုပ်စု ကဿဖကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် အ္တရာယ်ရှိ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်း၍ (၁၀ဝ _ ၃၀)ပေ ျွဃ နှစ်ထပ်ဆောင်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန်ငိုက် မန်က မြန်မာ့ဆက်သွယ် ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေ ကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းရာတွင် ကော်မတီသည် ယင်းဥပဒေကြမ်းအပေါ် အကြံပြုဆွေးနွေးခဲ့သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါသဖြင့် လွှတ်တော်က အတည်ပြုဆောင်ရွက်နိုင်ပါရန် အစီရင်ခံ တင်ပြအပ် ပါကြောင်း၊ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲချက်များကိုလည်း ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ခံယူဆောင်ရွက်သင့်ပါသည်ဟု တင်ပြအပ်ပါ ကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာ့ဆက်သွယ် ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ က ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြု သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သော မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးစိုးသိန်း (ခေါ်) ဦးမောင်စိုးက အဆိုတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာ သည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီ အေးက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုးမိုးက ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ သော ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်ရန် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်က အဆိုတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၂၀၁၇ခုနှစ်၊ မြေသိမ်းဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် အစီရင်ခံ စာကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅)မှ ဦးမြင့်နိုင်နှင့် တနင်္သာရီတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းတို့က ဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အမျိုးသား လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာ သည်။
ကြယ်ပွင့်ပြမေးခွန်း ၁၁၇ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း
၁၅၃ ခုတို့ကို မေးမြန်းဖြေကြားခဲ့
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၉ ရက်မှ ဇွန် ၆ ရက် အထိ အစည်းအဝေးကျင်းပရက် (၁၆) ရက်အတွင်း အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက်များအနေဖြင့် မေးခွန်းမေးမြန်းခြင်းကဏ္ဍတွင် လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုးသားလွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်း ၁၁၇ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၅၃ ခုတို့ကို မေးမြန်း ခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များက လွှတ်တော်တွင် နှုတ်ဖြင့် ဖြေကြားခြင်း၊ စာဖြင့်ပေးပို့ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုတင်သွင်းခြင်းကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်း၏ မြန်မာ့ပင်လယ်ဆိပ်ကမ်းတစ်ခုဖြစ်သော ရခိုင်ပြည်နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှတစ်ဆင့် သယ်ယူရန်အတွက် တန်ချိန်သုံးသိန်းခန့် အရွယ်ရှိ ဧရာမဆီတင်သင်္ဘောကြီးများ ယင်းဆိပ်ကမ်းသို့ ဝင်ရောက်လျက်ရှိရာ ကြီးမားသည့် မတော်တဆထိခိုက်မှု အ္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်စေနိုင် ပြီး ပမာဏများပြားသော ဆီယိုဖိတ်မှုများ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ် ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ အချိန်မီနှင့်အမြန်ဆုံး အ္တရာယ် ကာကွယ်တားဆီးရေးကိစ္စများကို ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ òန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံ ရေးဆွဲပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးအဆိုကို အတည်ပြုခဲ့ပါကြောင်း။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၏ ကျေးလက်နေအမျိုးသမီးများ၏ လူနေမှုဘဝမြှင့်တင်ရန် စီးပွားရေးတွင် တစ်နိုင်တစ်ပိုင်ပါဝင်ရန် နေရပ်စွန့်ခွာ၍ ရေမြေခြားအလုပ် သွားလုပ်ခြင်းကို လျှော့ချနိုင်ရန်နှင့် အမျိုးသမီးများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီး ပေးရန် အိမ်တွင်းစီးပွားရေးလုပ်ငန်းများဖော်ဆောင်ရန် အသိပေးခြင်း၊ နည်းပညာပေးခြင်း၊ ရင်းနှီးရန်ပုံ ငွေကြေးရှာဖွေခြင်း၊ ကုန်ကြမ်းကို ဒေသထွက် အဖြစ် ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ဖော် ဆောင်ပေးခြင်း၊ ဈေးကွက်တည်တံ့ အောင် ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများစုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေ၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ အပါ အဝင် အစိုးရတက္ကသိုလ်အသီးသီးတွင် အဆင့်မြင့်ပညာရပ်များ တက်ရောက် သင်ကြားမည့် ကျောင်းသား ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၏ နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးòန်းတမ်း များဖြင့်ဖြစ်စေ ဖွင့်လှစ်သင်ကြား ပို့ချနေသော ပုဂ္ဂလိကပညာရေးသင်တန်း ကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်း ထုတ်ပြန်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတို့ကို လွှတ်တော်သို့တင်သွင်းခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူညီ ခဲ့ပါကြောင်း။
ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍအနေဖြင့် အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးနိုင်ရန်ပေးပို့ထားသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၉)အား လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သှူလွှတ်တော်သို့ ပေးပို့ ခဲ့ရာ ပြည်သှူလွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘော တူကြောင်း ဆုံးဖြတ်ချက်ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် အပင်မျိုး သစ်အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်သို့အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြု ချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သှူ လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။
သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကြမ်းနှင့် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်းတို့ကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေးအတည်ပြုပြီး ပြည်သှူလွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေကြမ်းများအနက် မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းကို ပြည်သှူလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်း ကို ဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါကြောင်း။
ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးအတည်ပြုပြီး အမျိုးသား လွှတ်တော်သို့ပေးပို့ခဲ့သည့် ဥပဒေကြမ်းများအနက် အခြေခံပညာရေး ဥပဒေကြမ်းနှင့် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်း တို့ကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းပြီး ဆွေးနွေး နိုင်ရန် အမည်စာရင်းတောင်းခံခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသည့်ဥပဒေကြမ်းများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုးမိုးတင်သွင်းသည့် တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း တင်သွင်းသည့် ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းတို့ကို ပြည်သှူလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသဖြင့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါ ကြောင်း။
အစီရင်ခံစာတင်သွင်းခြင်းကဏ္ဍတွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း သည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကအတည်ပြုခဲ့ပါကြောင်း၊ အမျိုးသားလွှတ် တော်တွင် ဖွဲ့စည်း ထားသည့် ကော်မတီများ၏ လွှတ်တော်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးများမှာ ဥပဒေကြမ်းကော်မတီ (၁၈)ကြိမ်၊ ပြည်သှူငွေစာရင်းကော်မတီ (၂)ကြိမ်၊ လွှတ်တော်အခွင့်အရေး ကော်မတီ(၂)ကြိမ်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ (၁၄)ကြိမ်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(၇)ကြိမ်၊ အစိုးရ မဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ ဆိုင်ရာကော်မတီ(၄)ကြိမ်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (၆)ကြိမ်၊ တိုင်းရင်းသားရေးရာကော်မတီ (၅)ကြိမ်၊ တောင်သူလယ်သမားရေးရာ ကော်မတီ (၇)ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ(၅)ကြိမ်၊ ပညာရေးမြှင့်တင်မှုကော်မတီ(၆)ကြိမ်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်တွင်း၊ ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ (၆)ကြိမ်၊ နိုင်ငံသား များ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ (၅)ကြိမ်၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ (၅)ကြိမ်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ(၄)ကြိမ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (၁၀)ကြိမ်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ (၆)ကြိမ် စုစုပေါင်း ကော်မတီအစည်းအဝေး (၁၁၂)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း။
သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်များအတွက် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း စာတမ်းတို နှစ်စောင် ထုတ်ဝေခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးက သိရှိလို သည့် သတင်းအချက်အလက် မေးမြန်းခဲ့မှု ၆၅ ခုအနက် ၃၄ ချက်ကို ရှာဖွေ ပေးခဲ့ပြီးဖြစ်သည်ကို လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့ သက်ဆိုင်ရာဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိကြပြီး မိမိတို့၏ မဲဆန္ဒရှင်ပြည်သူများအကျိုး၊ ဒေသ၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို ဆတက် ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာသည်။
အောင်ရဲသွင်၊ လူမော်(သတင်းစဉ်)

No comments:
Post a Comment