အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည် ဖော်ရေးအတွက် ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အာဆီယံစီးပွားရေးအသိုက် အဝန်း(အေအီးစီ) အကောင်အထည်ဖော်မှုတွင် အဓိကတာဝန် ယူဆောင်ရွက် လျက်ရှိသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ òန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ မှ အာဆီယံစီးပွား ရေးအသိုက်အဝန်း(အေအီးစီ) အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ၂၀၁၉ ခုနှစ် နှစ်အလိုက် အေအီးစီ ဦးစားပေးအကောင်အထည် ဖော်ရမည့်လုပ်ငန်းများ၊ (၂၅)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး၏ ရလဒ်များနှင့် အေအီးစီ ၂၀၂၅ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်မူဘောင်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဆောင်ရွက်နေသော ဃသကညအမပ ဠငျငအ ကို ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ လက်ခံဆောင်ရွက်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
အရှိန်အဟုန်ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်
ထို့ပြင် အေအီးစီအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်အတွက် အာဆီယံနိုင်ငံများအားလုံးမှ ဦးစားပေးအကောင်အထည် ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ်စုစုပေါင်း ၁၇၀ ရှိပြီး လုပ်ငန်းစဉ် ၃၅ ခု အကောင်အထည်ဖော် ပြီးစီးနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်၂၀၁၉ ခုနှစ် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ် ၁၆၆ ခုအနက် ဇွန်လအထိ လုပ်ငန်းစဉ် ၃၈ ခုကို ပြီးစီးအောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းကိစ္စရပ်များကို သတ်မှတ်အချိန်ဇယားအတိုင်း လိုက်ပါဆောင်ရွက်ပေး ကြရန်နှင့် ကျန်လုပ်ငန်းကိစ္စရပ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန òန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော်က အေအီးစီ ၂၀၂၅ ကိုဖော်ဆောင်ရန် ၂၀၁၉ ခုနှစ် နှစ်အလိုက် ဦးစားပေးအကောင်အထည်ဖော်ရမည့် လုပ်ငန်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံက ဃသကညအမပ ဠငျငအ ကို လက်ခံ ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့၏ လုပ်ငန်းကော်မတီအလိုက် အေအီးစီ အကောင် အထည်ဖော်မှုလက်ရှိအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အာဆီယံစီးပွားရေး အသိုက်အဝန်း(အေအီးစီ) ၂၀၂၅ လုပ်ငန်းစီမံချက်ပါ သက်ဆိုင်ရာလုပ်ငန်း ကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များအကြံပြု ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နံနက် ၁၁ နာရီခွဲတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ သတင်းစဉ်
No comments:
Post a Comment