ပြည်သူလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နော်ဝေသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်သှူလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သှူလွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေးထိုသို့တွေ့ဆုံစဉ် နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာလွှတ်တော်များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကူအညီပေးနိုင်ရေး၊ ရွေးကောက်ပွဲစနစ် အတွေ့အကြုံမျှဝေနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
သတင်းစဉ်
No comments:
Post a Comment