ထိုင်းပါလီမန်က ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာအား ပြန်လည်ရွေးချယ်တင်မြှောက်
ဗန်ကောက် ဇွန် ၆
ထိုင်းပါလီမန်က နိုင်ငံ၏ဝန်ကြီးချုပ်ရာထူးနေရာတွင် လက်ရှိကြားဖြတ်အစိုးရအား ဦးဆောင်သည့် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန် အိုချာအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ယနေ့သတင်း များအရ သိရသည်။
မတ်လတွင်ကျင်းပခဲ့သည့် အောက်လွှတ်တော် အမတ်နေရာများအတွက် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနှင့် ဆက်စပ်မှုရှိသည့် ဖြူထိုင်းပါတီက ထောက်ခံမဲအများဆုံးရရှိခဲ့ပြီး စစ်ဘက်မှ ထောက်ခံသည့် ပါလန်းပရာချာရာ့ပါတီက ထောက်ခံမဲ ဒုတိယအများဆုံးရရှိခဲ့ကြောင်း သိရသည်။
ဇွန် ၅ ရက်တွင် ဝန်ကြီးချုပ်ရာထူးနေရာအတွက် မဲခွဲ ဆုံးဖြတ်ရာတွင် အောက်လွှတ်တော်အမတ် ၄၉၇ ဦးနှင့် စစ်ဘက်က ရွေးချယ်ခန့်ထားသည့် အထက်လွှတ်တော်အမတ် ၂၅၀ တို့က ဆန္ဒမဲများ အသီးသီး ထည့်သွင်းခဲ့ကြသည်။
အဆိုပါဆန္ဒမဲပေးရွေးချယ်ရာတွင် ပရာယွတ်ချန်အိုချာ က ထောက်ခံမဲ ၇၀ ရာခိုင်နှုန်းနီးပါးရရှိပြီး သူ၏ပြိုင်ဘက် တာနာသွန် ဂျူအန်ဂရွန်းရူရန်ကစ်အား မဲအသာစီးဖြင့် အနိုင်ရရှိခဲ့သည်။ တာနာသွန် ဂျူအန်ဂရွန်းရူရန်ကစ်အား ဝန်ကြီးချုပ်ဟောင်း သက်ဆင်အားထောက်ခံသူများက ဝန်းရံကြကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏အုပ်ချုပ်မှုစနစ်ကို အရပ်သားအစိုးရ အသွင်ကူးပြောင်းလျက်ရှိသည်။ အစိုးရအသစ်အဖွဲ့အား ယခုလအတွင်း ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း သတင်းရင်းမြစ် များအရ သိရသည်။ သို့သော် စစ်ဘက်က ထိုင်းနိုင်ငံ၏နိုင်ငံရေးအခင်းအကျင်းတွင် သြဇာတိက္ကမပိုမိုရှိစေရန် ကြိုးပမ်းမှုများရှိနေသေးသည်ဟု နိုင်ငံရေးစောင့်ကြည့် လေ့လာသူများက ဆိုသည်။
ဝန်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော ပရာယွတ်ချန်အိုချာအနေဖြင့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် နိုင်ငံရေးပါတီ ၁၉ ခုပါဝင်သည့်အပြင် အောက်လွှတ်တော် တွင် သူ့အားထောက်ခံသူ ရာခိုင်နှုန်းအနည်းငယ်သာရှိသည့်အတွက် ၎င်းဦးဆောင်မည့် အစိုးရသစ်ကို ဂရုတစိုက် ကိုင်တွယ်သွားရမည်ဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့် လေ့လာသူများက ဆိုသည်။ အင်န်အိတ်ချ်ကေ

No comments:
Post a Comment