ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးလာမည့်ရက်သတ္တပတ်အတွင်း အီရန်သို့ သွားရောက်မည်
တိုကျို ဇွန် ၆
အီရန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုများမြင့်တက်နေစဉ်အတွင်းတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် လာမည့် ရက်သတ္တပတ်အတွင်း အီရန်နိုင်ငံသို့ သွားရောက်မည် ဟု မျှော်လင့်ရကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။
ဇွန် ၁၂ ရက်တွင် စတင်မည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏အီရန်နိုင်ငံသို့ သွားရောက်မည့်ခရီးစဉ် အတွင်း နောက်ဆုံးသဘောတူညီချက်အဖြစ် ဝန်ကြီးချုပ် အာဘေးသည် အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီနှင့် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီတို့နှင့် မြို့တော်တီဟီရန်တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဂျပန် တာဝန်ရှိသူများက ပြောကြားသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အီရန် နိုင်ငံသို့သွားရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ ဂျပန်အစိုးရအတွင်းဝန်ချုပ် ရိုရှီဟေဒီ ဆူဂါက မေ ၆ ရက်တွင် သတင်းထောက်များအား အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၄၁ နှစ် ကြာကာလအတွင်း အီရန်နိုင်ငံသို့ ပထမဆုံး သွားရောက်မည့် ဂျပန်ဝန်ကြီးချုပ်ဖြစ်ကြောင်းနှင့် အီရန်နှင့် ဂျပန်နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံမှုထူထောင်သည့် နှစ်(၉၀)ပြည့်အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက်ခြင်းဖြစ် ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ်ဆူဂါက ပြောကြားသည်။
အီရန်နှင့်ဂျပန်နိုင်ငံကာလရှည်ကြာ ဆက်ဆံမှု အကြား အခြားဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်စေရေးအတွက် ဂျပန်ဝန်ကြီးချုပ်၏အီရန်ခရီးစဉ်က အထောက်အကူပေးမည်ဟု ၎င်းက ပြောကြားခဲ့ သည်။ အင်န်အိတ်ချ်ကေ

No comments:
Post a Comment