ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ ပါတီအကြီးအကဲနေရာမှ နုတ်ထွက်
လန်ဒန် ဇွန် ၇
ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေသည် ကွန်ဆာဗေးတစ် ပါတီအကြီးအကဲနေရာမှ ယနေ့ နုတ်ထွက်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
သို့သော် ထရီစာမေသည် ပါတီအကြီးအကဲ ရွေးချယ်တင်မြှောက်ပြီးသည့်အချိန်အထိ ဝန်ကြီးချုပ် ရာထူးတာဝန်များကို ဆက်လက်ထမ်းဆောင်လျက်ရှိမည် ဖြစ်သည်။
ဗြိတိန်နိုင်ငံကို ဥရောပသမဂ္ဂအဖွဲ့မှ ခွဲထွက်ရန် ကြိုးပမ်းမှု အောင်မြင်ခြင်းမရှိသည့်အတွက် ဝန်ကြီးချုပ် ထရီစာမေက ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဇွန် ၁၀ ရက်တွင် ကွန်ဆာဗေးတစ်ပါတီက အကြီး အကဲရာထူးနေရာအတွက် ဝင်ရောက်ရွေးချယ်သူများ၏ လျှောက်လွှာများကို စတင်လက်ခံမည်ဖြစ်သည်။
ကွန်ဆာဗေးတစ်ပါတီ၏ အကြီးအကဲနေရာတွင် ဝင်ရောက်ရွေးချယ်ရန် ၁၁ ဦးခန့်ပေါ်ထွက်ခဲ့ပြီဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ ယင်းတို့အနက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘိုရစ်ဂျွန်ဆင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး မိုက်ကယ်ဂေါ့ဗ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျီရီမီဟန့်တို့ ပါဝင်ကြောင်း သိရသည်။
ဝန်ကြီးချုပ်ထရီစာမေ၏ ရာထူးနေရာကို ဆက်ခံ ကြမည့် ကွန်ဆာဗေးတစ်ပါတီအကြီးအကဲလောင်းများအနေဖြင့် ၎င်းတို့အဓိကရင်ဆိုင်ရမည့် ပြဿနာတစ်ရပ် သည် ဗြိတိန်နိုင်ငံအား သဘောတူညီမှုမရရှိဘဲ ဥရောပ သမဂ္ဂအဖွဲ့မှ နုတ်ထွက် သင့်၊ မသင့်ဆိုသည့် အချက်ပင် ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘိုရစ်ဂျွန်ဆင်က ၎င်းအနေဖြင့် ဗြိတိန်နိုင်ငံအား ဥရောပသမဂ္ဂအဖွဲ့မှ နုတ်ထွက်ရန် သဘောတူညီနိုင်ပါကြောင်း ပြောကြားခဲ့ သည်။ သို့သော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေးဝန်ကြီး မိုက်ကယ်ဂေါ့ဗ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျီရီမီဟန့်တို့က အဆိုပါခွဲထွက်မှုကို သဘောတူညီမှုမရှိပါ ကြောင်း ပြောကြားခဲ့သည်။
ကွန်ဆာဗေးတစ်ပါတီဝင် ၁၂၀ဝ၀ဝ ခန့်သည် ၎င်းတို့ ထောက်ခံအားပေးသူအား ပါတီအကြီးအကဲနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသည်။
အဆိုပါ ပါတီအကြီးအကဲနေရာအား ဇူလိုင်လ နှောင်းပိုင်းတွင် ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောလအတွင်း ပါလီမန်က သူ၏ခွဲထွက်ရေး အဆိုကို ထပ်မံပယ်ချခဲ့ပြီးနောက် ဝန်ကြီးချုပ်ထရီစာမေ က ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ

No comments:
Post a Comment