Saturday, June 8, 2019


အေးဂျစ်ဒုံးကျည်ကာကွယ်ရေးစနစ်ဖြန့်ကြက်ရန် စီစဉ်ထားမှုမှာ ပတ်ဝန်းကျင်နိုင်ငံများအား ခြိမ်းခြောက်ရာရောက် မည်မဟုတ်ဟု ဂျပန်ဝန်ကြီးချုပ်ပြောကြား

Image may contain: 1 person, sitting
တိုကျို ဇွန် ၇
မြေပြင်အခြေစိုက် အေးဂျစ်ဒုံးကျည် ကြားဖြတ်ဟန့်တားရေး စနစ်သစ်အား ဖြန့်ကြက်ရန် စီစဉ်ထားမှုသည် ပစ်မှတ် များအား ပစ်ခတ်တိုက်ခိုက်ရန် မဟုတ်သည့်အတွက် ဒေသတွင်းရှိ ပတ်ဝန်းကျင်နိုင်ငံများအား ခြိမ်းခြောက်ရာ ကျလိမ့်မည်မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ် အာဘေးက ပြောကြားသည်။
ဇွန် ၇ ရက်တွင် ကျင်းပသည့် အထက်လွှတ်တော် အစည်းအဝေး၌ ဂျပန်ဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ အာကီတာ ခရိုင်အတွင်း၌ အေးဂျစ်ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ရေးအတွက် မြေပြင်အနေအထားနှင့် ပတ်သက် သည့် အချက်အလက်များ မှားယွင်းတင်ပြခဲ့မှုကြောင့် ယင်းခရိုင် ဒေသ္တရကောင်စီအား ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနမှ တောင်းပန်ခဲ့ပြီးနောက်တွင် ဂျပန်ဝန်ကြီးချုပ် ၏ မှတ်ချက်ပြုပြောကြားမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကောက်ယူရရှိသည့် မြေပြင်အနေအထား အချက် အလက်များကိုအသုံးပြု၍ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန က ဂျပန်ကိုယ်ပိုင် မြေပြင်ကာကွယ်ရေးတပ်ဖွဲ့များ၏ လေ့ကျင့်ရေးဒေသတည်ရှိရာ အာကီတာမြို့သည် အေးဂျစ် ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ရန် အသင့်တော်ဆုံး အဖြစ် လက်ခံခဲ့သည်။
အေးဂျစ်ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်သည့် အစီအစဉ်အပေါ် ဒေသခံများ၏စိုးရိမ်မှုအား ၎င်းအနေဖြင့် အလေးထားကြောင်း ဝန်ကြီးချုပ်အာဘေးက ပြောကြားခဲ့ သည်။ ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိသည့် ပဲ့ထိန်းဒုံးကျည် များဖြင့် တိုက်ခိုက်မှုများကြောင့် ဂျပန်နိုင်ငံသားများ၏ ပိုင်ဆိုင်မှုများကို ကာကွယ်မှုပေးရန်အတွက် ယင်းဒုံးကျည် ကာကွယ်ရေးစနစ်သည် ဂျပန်နိုင်ငံအတွက် မဖြစ်မနေ လိုအပ်ပြီး ယင်းမှာ ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းဒုံးကျည်စနစ်သည် ပစ်မှတ်များကို ပစ်ခတ် တိုက်ခိုက်မှု ပြုမည်မဟုတ်၍ ရုရှားအပါအဝင် ဒေသတွင်းရှိ နိုင်ငံများအတွက် ခြိမ်းခြောက်ရာ ရောက်လိမ့်မည်မဟုတ် ကြောင်း၊ ယင်းဒုံးကျည် ကာကွယ်ရေးစနစ်ကို ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များကသာ ကိုင်တွယ် လုပ်ဆောင်သွားမည်ဖြစ်ပြီး အမေရိကန် စစ်တပ်မှ ပါဝင်လုပ်ဆောင်မည်မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
ဂျပန်အစိုးရက အေးဂျစ်ဒုံးကျည်ကာကွယ်ရေးစနစ် များကို နိုင်ငံအနောက်ပိုင်း ယာမာဂူချီခရိုင် ဟာဂီမြို့တွင် လည်း ဖြန့်ကြက်သွားရန် စီစဉ်ထားသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment