အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကျင်းပ

ရာသီဥတုကြောင့် ထိခိုက်မှုလျော့ပါးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူပြောကြား
နေပြည်တော် ဇွန် ၇
အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(၂/၂၀၁၉)အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအ္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဘေးအ္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားသဘာဝဘေး အ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယခုအစည်းအဝေးတွင် မိုးရာသီ ကာလ၌ဖြစ်ပွားနိုင်သည့် သဘာဝဘေးအ္တရာယ်များ၊ ကြိုတင်ခန့်မှန်း၍မရနိုင်သည့် ငလျင်ဘေးအ္တရာယ်နှင့် ဘေးအ္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှ ပညာရှင် များ၏ အကြံပြုချက်များနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေး သွားလိုကြောင်း၊ ထို့ပြင် အခြားအ ရေးကြီးသည့် ဆောင် ရွက်ဆဲလုပ်ငန်းများ၊ ပေါင်းစပ်ညှိနှိုင်းပေးရမည့် လုပ်ငန်း များကျန်ရှိနေပါက ဆွေးနွေးတင်ပြကြရန် ပြောကြားလို ကြောင်း။
ပုံမှန်ဖြစ်ပေါ်
ယနေ့ကာလ က္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲ မှုများကြောင့် သဘာဝဘေးအ္တရာယ်များ ပိုမိုများပြား လာ ခြင်း၊ ပိုမိုအင်အားပြင်းထန်လာခြင်းတို့သည် ထူးခြား စွာခံစားလာရသည့် ဘေးအ္တရာယ်များမဟုတ်တော့ဘဲက္ဘာပေါ်တွင် ပုံမှန်ဖြစ်ပေါ်ခံစားလာရသည့် ဘေးအ္တရာယ် များဖြစ်လာနေသည်ကို အားလုံးမြင်တွေ့သိရှိနေရပါ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မုတ်သုံကာလတိုတောင်းလာ ပြီး မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာခြင်း၊ ဆိုင်ကလုန်း မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာခြင်း၊ အပူချိန်လွန်ကဲမှုများ ဖြစ်လာခြင်း၊ လေပြင်းတိုက်ခတ်မှုများ၊ မိုးသီးြွေကမှုများ၊ မိုးကြိုးပစ်မှုများ ပိုမိုများပြားလာခြင်း၊ ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်လာခြင်းစသည်ဖြင့် ဘေးအ္တရာယ်များ ပိုမို ရင်ဆိုင်ကြုံတွေ့နေရသည်ကို အားလုံးသိရှိကြပြီးဖြစ်ပါ ကြောင်း။
ရင်းနှီးမြှုပ်နှံဆောင်ရွက်
သဘာဝဘေးစီမံခန့်ခွဲသူများအနေဖြင့် ဘေးအ္တရာယ် များ၏ ပြုပြင်ပြောင်းလဲလာသော သဘောသဘာဝများ ကို မျက်ခြည်မပြတ်လေ့လာသိရှိနေရန်၊ အစဉ်အမြဲ နိုးနိုး ကြားကြားရှိနေရန်၊ ရင်ဆိုင်တုံ့ပြန်နိုင်ရေး အဆင်သင့် ဖြစ်နေရန်၊ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းအစီအမံများအပြင် ရေရှည်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ၂၀၁၉ ခုနှစ် မေလ ၁၃ ရက်မှ ၁၇ ရက်ထိကျင်းပခဲ့သည့် ဘေးအ္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် က္ဘာလုံးဆိုင် ရာ ဆဋ္ဌမအကြိမ်မြောက်ညီလာခံတွင်လည်း က္ဘာ့နိုင်ငံ ပေါင်း ၁၈၂ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ၊ လူမှုရေးအ¸ အစည်း ၁၀ဝ ကျော်မှ ကိုယ်စားလှယ်များ၊ တက္ကသိုလ် များ၊ စီးပွားရေးအဖွဲ့အစည်းကြီးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှလည်း ပါဝင်တက်ရောက် ခဲ့ပါကြောင်း၊ အဆိုပါညီလာခံတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု သည်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝဘေးလျော့ပါးရေး ဆောင်ရွက်မှုအတွက် အရေးပါမှုတစ်ရပ်အဖြစ် ဆက်လက် လုပ်ဆောင်သွားရန် သဘောတူခဲ့ကြပါကြောင်း။
ထို့ပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုနှင့် ဘေးအ္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် လူထုပါဝင်မှုကိုလည်း ထည့်သွင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း က္ဘာ့နိုင်ငံများ၊ ရာသီ ဥတုကြောင့် ထိခိုက်မှုလျော့ပါးရေးဆိုင်ရာ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေသကဲ့သို့ နောင်တွင်လည်း ယခုကဲ့သို့ စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အချိန်အခါမရွေးရင်ဆိုင်ကြုံတွေ့နိုင်
မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း များတွင် အားလုံးပိုမိုပူးပေါင်းကာ ဆောင်ရွက်ချက်များ ခိုင်မာအားကောင်းလာသော်လည်း သဘာဝဘေးများ၏သဘောသဘာဝများအရ အချိန်အခါမရွေးရင်ဆိုင်ကြုံ တွေ့နိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ရင်ဆိုင်ကြုံ တွေ့လာပါက အဆင်သင့်ဖြစ်စေရေးတို့ကို စဉ်ဆက်မပြတ် အားထုတ်ဆောင်ရွက်နေကြရန် လိုအပ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်အားထုတ်မှုကောင်းခြင်း၏ သာဓကအနေ ဖြင့် အိန္ဒိယနိုင်ငံ သြရိဿပြည်နယ် ပူရီမြို့ကို၂၀၁၉ ခုနှစ် မေ ၂ ရက်တွင် ဝင်ရောက်ခဲ့သော အလွန်အားကောင်း သောဆိုင်ကလုန်းမုန်တိုင်း ဖန်နီကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံခန့်ရှိပြီး အဆိုပါ ပျက်စီးဆုံးရှုံးမှုများအတွက် မူလအနေအထားအတိုင်း ပြန်လည်ပြုပြင်ထူထောင်နိုင်ရန် ၁၀ နှစ်ခန့် အချိန်ယူရ မည်ဖြစ်ပါကြောင်း။
ထိုကဲ့သို့သော ပြင်းထန်ကြီးမားသည့် မုန်တိုင်းဖြစ် သော်လည်း ယင်းပြည်နယ်တွင် သေဆုံးသူဦးရေသည် ၆၄ ဦးသာရှိသည့်အတွက် အိန္ဒိယနိုင်ငံ၏သဘာဝဘေးတုံ့ပြန် နိုင်ရန် ကြိုတင်ပြင်ဆင်မှုအပိုင်း အားကောင်းခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
အနီးစပ်ဆုံးရင်ဆိုင်ဖြေရှင်းကြရမည့် မိုးတွင်းကာလ သဘာဝဘေးအ္တရာယ်များကိုကြည့်မည်ဆိုပါက မုန်တိုင်း ဘေး၊ ရေကြီးရေလျှံမှုများ၊ လျှပ်တစ်ပြက်ရေဘေး၊ မိုးကြိုး ပစ်ခြင်း၊ မြစ်ကမ်းပါးပြိုမှုများ၊ မြေပြိုမှုများ ပင်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများဘေးဒဏ်ကြောင့် ထိခိုက်မှု မှ လျော့နည်းသက်သာစေရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည့်တာဝန်ရှိပါကြောင်း၊ နှစ်စဉ်ရင်ဆိုင် ဖြေရှင်းခဲ့ရသည့် အတွေ့အကြုံများလည်း ရှိပြီးဖြစ်သဖြင့် သက်ဆိုင်ရာဌာနအလိုက်၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့များအလိုက် ယခင်အတွေ့အကြုံများအပေါ် အခြေခံပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။
ကြိုတင်ချိတ်ဆက် စီမံ
မိုးလေဝသနှင့် ရာသီဥတုအခြေအနေများ၊ သဘာဝ ဘေးအ္တရာယ်ဖြစ်ပွားနိုင်မှု အခြေအနေများကို အချိန် နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရန် သက်ဆိုင်ရာဌာန များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင်ဒေသအလိုက် သက်ဆိုင်ရာအစိုးရ ဌာနများက ဆောင်ရွက်သကဲ့သို့ လူမှုရေးအဖွဲ့ အစည်းများ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အင်အားကို လည်း ရယူပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုတင်ချိတ်ဆက် စီမံထားရှိရမည်ဖြစ်ပါကြောင်း။
သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများသည် ပြည်သူလူထုမှအစ အားလုံးနှင့်သက်ဆိုင်သည့်လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပြည်သူများနားလည် သဘောပေါက်ပြီး ပူးပေါင်းပါဝင်လာအောင် စည်းရုံး လှုံ့ဆော်ကြရ မည်ဖြစ်ပါကြောင်း၊ မိမိတို့တွင် ယခင်အတွေ့ အကြုံများစွာရှိပြီးဖြစ်သည့်အတွက် အားနည်း ချက်များ၊လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီး မိမိတို့ဆောင်ရွက် ချက်များသည် ပြည်သှူလို အပ်ချက်နှင့်အနီးစပ်ဆုံး ကိုက်ညီမှုရှိစေရေးကိုအလေးထားကာ အားလုံးပူးပေါင်း အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း။
လာမည့်မိုးရာသီကာလတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအ္တရာယ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်သကဲ့သို့ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသေးသော ငလျင်ဘေး အ္တရာယ်နှင့်ပတ်သက်ပြီး ရင်ဆိုင်တုံ့ပြန်နိုင်ရေး အမြဲ အဆင်သင့်ဖြစ်နေရန်လိုအပ်ပါကြောင်း၊ ထို့ပြင် မိမိတို့ အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နေသည့် သဘာဝဘေးအ္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ မှအကြံပြုတင်ပြထားရှိသည့် အကြံပြုချက်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ဆောင်ရွက်နိုင်မှုအခြေ အနေအလိုက် တင်ပြအကောင်အထည်ဖော်ဆောင်ရွက် ရန် လိုအပ်ပါကြောင်း။
အကြံပြုချက်များကို တွေ့ရှိ
အကြံပြုချက်များကို ကြည့်မည်ဆိုပါက ရာသီဥတု ပြောင်းလဲမှုနှင့် ရေရှားပါးမှုဖြစ်စဉ်နှင့် ပတ်သက်သည့် အကြံပြုချက်များ၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုး ရေးလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုနှင့်ပတ်သက် သောအကြံပြုချက်များ၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ လေပြင်းဘေးအ္တရာယ်များနှင့် ပတ်သက်သော အကြံပြုချက်များကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
အဆိုပါအကြံပြုချက်များအရ ရေတို၊ ရေရှည်ဆောင် ရွက်နိုင်မှုအခြေအနေများအပေါ် ဆောင်ရွက်ပေးကြရန်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို တာဝန်ခွဲဝေ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ ၁၂ ခုကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်၍ လုပ်ငန်းတာဝန်အလိုက်ဆောင်ရွက် ကြရန်နှင့် အကြံပေးအဖွဲ့နှင့်လုပ်ငန်းကော်မတီ ၁၂ ခုတို့ လည်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။
မိ်မိအနေဖြင့် ယခုမိုးတွင်းကာလတွင် ဖြစ်ပေါ်လာ နိုင်သည့် သဘာဝဘေးအ္တရာယ်များနှင့်ပတ်သက်ပြီး မိမိတို့ဒေသအတွင်း ဖြစ်ပွားလာနိုင်သည့် ဘေးအ္တရာယ် များအတွက် ရင်ဆိုင်တုံ့ပြန်နိုင်ရန် လိုအပ်သည့်အစီအမံ များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်သဘာဝဘေး အ္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန်၊ ပြည်သူလူထုထံ လျင်မြန်ထိရောက် သည့် ကြိုတင်သတိပေးချက်များရောက်ရှိစေရန် ကြိုတင် စီမံဆောင်ရွက်ကြရန်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အတွက် လူအင်အား၊ ပစ္စည်းအင်အားကြိုတင်စုဖွဲ့ဆောင် ရွက်ထားကြရန်၊ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများအတွက် မြေပြင်တွင် ဆောင်ရွက်သူများ၊ ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်သူများ အချိတ်အဆက်မိမိဆောင်ရွက်နိုင်ရေး ကြိုတင်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ အရေးပေါ် ထောက်ပံ့ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ပစ္စည်း များ၊ ပို့ဆောင်ရေးယာဉ်နှင့် ပို့ဆောင်ရေးလမ်းကြောင်း များ ကြိုတင်စီမံထားရှိကြရန်၊ လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိပြီး သဘာဝဘေး ကျရောက်ချိန်နှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ချိန် တွင် အချိတ်အဆက်မိမိ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ပုံမှန်တင်ပြ
ထို့အတူ အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့်သော်လည်းကောင်း၊ နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ ဘတ်ဂျက်ရန်ပုံငွေဖြင့်သော်လည်းကောင်း၊ အလှူငွေများဖြင့်လည်းကောင်း ဆောင်ရွက်နေသည့် မုန်တိုင်းဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း၊ မြစ်ကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းများ၊ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေတွင်းရေကန်တည် ဆောက်ပြုပြင်ခြင်းလုပ်ငန်းများစသည့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက် ဆဲအခြေအနေများကို အမျိုးသားသဘာဝဘေးအ္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ လုပ်ငန်းဆောင်ရွက်ထား ရှိမှုအဆင့်ဆင့်ကို ပုံမှန်တင်ပြပေးရန် ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအ္တရာယ်ဆိ်ုင် ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က နိ်ုင်ငံတစ်ဝန်းသဘာဝဘေးအ္တရာယ်များဖြစ်ပွားခဲ့မှု၊ သဘာဝဘေးအ္တရာယ်များကြောင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှု၊ ပျက်စီးဆုံးရှုံးနစ်နာခဲ့မှု၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့မှု၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီး မှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ အမျိုးသားသဘာဝဘေးအ္တရာယ် ဆိ်ုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က အမျိုးသားသဘာဝဘေးအ္တရာယ်ဆိ်ုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၉) အစည်းအဝေးဆုံးဖြတ် ချက် ၁၉ ချက်ကို ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော်ကောင်စီတို့မှ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အမျိုးသားသဘာဝ ဘေးအ္တရာယ်ဆိ်ုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေစာရင်း ရှင်းတမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအ္တရာယ်ဆိ်ုင် ရာစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် ချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့က သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(၁/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များကို လိ်ုက်နာအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြီးစီးမှု၊ မြန်မာနိ်ုင်ငံအတွင်း သဘာဝဘေးအ္တရာယ်များ ဖြစ်ပေါ်ခဲ့ မှု၊ သဘာဝဘေးဒဏ်သင့်ဒေသများတွင် ရှာဖွေကယ်ဆယ် ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကူညီထောက်ပံ့ပေးခဲ့မှု အခြေအနေများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့်ဆောင်ရွက် ဆဲအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညို၊ မ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မွန်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအေးဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီး ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က ဒေသ အလိုက် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအ္တရာယ် ဆိုင်ရာများ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ ကူညီထောက်ပံ့ ပေးခဲ့မှုများ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ သဘာဝ ဘေးအ္တရာယ်လျော့ပါးရေးနှင့် သဘာဝဘေးအ္တရာယ် များနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ သဘာဝဘေးအ္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ခင်နှင့် အတွင်းရေးမှူး ဦးချစ်ကျော်တို့က သဘာဝဘေးအ္တရာယ် များဖြစ်ပွားပါက အရေးပေါ်တုံ့ပြန်ရေး၊ ပြည်သူလူထုထံ လျင်မြန်ထိရောက်သည့် ကြိုတင်သတိပေးချက်များရောက် ရှိစေရေး၊ သဘာဝဘေးအ္တရာယ်များ လျော့ပါးရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း သည့် အကြံပြုချက်များနှင့်၂၀၁၉ ခုနှစ်တွင် ဖြစ်ပေါ်လာ နိုင်သည့် မိုးလေဝသခန့်မှန်းချက်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကြုံတွေ့ရနိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပေးကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။ သတင်းစဉ်

No comments:
Post a Comment