Saturday, June 8, 2019

ပြည်ထောင်စုရှေ့နေချုပ် DFID နှင့် IDLO ကိုယ်စားလှယ်တို့အား လက်ခံတွေ့ဆုံ

Image may contain: 7 people, people sitting, table and indoor
နေပြည်တော် ဇွန် ၇
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် UK’s Department for International Development (DFID) မှ Mr. Joe Rolling EiS fh IDLO နှင့် Country Manager Ms. Morgane Landel တို့အား ယနေ့နံနက် ၁၀နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥပဒေအသိပညာပေး ရေးနှင့် တရားမျှတမှုကို အားလုံး လက်လှမ်းမီရေး လုပ်ငန်းများတွင် တရားဥပဒေစိုးမိုးရေးစင်တာများက ပါဝင်ဆောင်ရွက်နေမှု၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ တရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲ အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ တရား ဥပဒေ စိုးမိုးရေးစင်တာများအတွက် DFID မှ ရန်ပုံငွေပံ့ပိုးကူညီမည့် အစီ အစဉ်၊ ဥပဒေရေးရာဆွေးနွေးပွဲများနှင့် နယ်လှည့်သင်တန်းများ တိုးချဲ့ဆောင် ရွက်ရေးကိစ္စ၊ IDLOနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့အကြား ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment