Friday, June 7, 2019

(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ
အားနည်းချက်မရှိအောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား
Image may contain: 1 person, sitting, standing, table and indoor
အားနည်းချက်မရှိအောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား
ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ် မြင့်နွယ်၊ ဦးတင်မြင့်နှင့် ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုး၊ တွဲဖက်စစ်ရေးချုပ်၊ ဗဟိုကော်မတီဝင်များ၊ လုပ်ငန်း ကော်မတီဝင်များ၊ လုံခြုံရေးကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ òန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
နှစ်စဉ်ကျင်းပ
အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံ၏လွတ်လပ်ရေးအတွက် အသက်ပေးလှူသွားကြသည့် အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်ကို မမေ့မလျော့စေရန်နှင့် လွတ်လပ်ရေးရရှိအောင် အသက်၊ သွေး၊ ချွေးမြောက်မြားစွာ ပေးဆပ်ခဲ့ရသည်ကို နောင်လာနောက်သားများ သိရှိ နားလည်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ အာဇာနည် နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်ဆိုလျှင် (၇၂)နှစ်မြောက် ရှိပြီဖြစ်ပါကြောင်း။
ယခုနှစ်တွင် ကျင်းပမည့် ( ၇၂ )နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ( ၇၂ )နှစ်မြောက် အာဇာနည်နေ့အခမ်း အနား ကျင်းပရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် လုံခြုံရေးကော်မတီ တို့ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၆၅/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ တွင် ဒုတိယသမ္မတက နာယက၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ၂၀ ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန် (၃)ရပ်ချမှတ်ထားပါကြောင်း၊ အလားတူ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင် ကာ ၂၇ ဦးဖြင့် ဖွဲ့စည်း၍ လုပ်ငန်းတာဝန်(၃)ရပ် ချမှတ်ထားပါကြောင်း၊ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုံခြုံရေးကော်မတီ တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ၁၆ ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်(၁၂)ရပ် ချမှတ်ကာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။
ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်ကျပြီး အဆင်ပြေချောမွေ့စေရန်အတွက် ဆပ်ကော်မတီရှစ်ခုကိုလည်း ယခင်နှစ်များနည်းတူ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါဆပ်ကော်မတီရှစ်ခုမှာ အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ပြသရေးဆပ်ကော်မတီ၊ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်း ထိန်းသိမ်းရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေး ရေးဆပ်ကော်မတီနှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်း အနားကျင်းပရေးဆပ်ကော်မတီတို့ ဖြစ်ပါကြောင်း။
လစ်ဟာမှုမရှိအောင် ဆောင်ရွက်
(၇၂)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများ အား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်အဆင့် ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပေါင်းစပ် ညှိနှိုင်းကာ လစ်ဟာမှုမရှိအောင် ဆောင်ရွက်သွားစေလိုပါကြောင်း။
ထို့အပြင် အာဇာနည်ဗိမာန်တွင် ကျင်းပမည့် အာဇာနည်နေ့အခမ်းအနား အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို အချိန်မီပြီးစီးနိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိရန်၊ အခမ်းအနားသို့ တက်ရောက်လာမည့် အာဇာနည်ခေါင်း ဆောင်ကြီး များ၏ မိသားစုဝင်များ အပါအဝင် တက်ရောက်လာကြသူများအား ကြိုဆို နေရာချထားရာတွင် လိုအပ်ချက်မရှိအောင် ဝိုင်းဝန်းပူးပေါင်းပြီး စနစ်တကျ စီမံဆောင်ရွက်သွားကြရန်နှင့် ဂါရဝပြုရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝင်အထွက် အချိန်ကိုက်ဖြစ်စေရေး သေချာစွာ အကွက်စေ့စေ့ စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ကြိုတင်ဇာတ်တိုက် လေ့ကျင့်
အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)တွင် ကျင်းပမည့် အလံတင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စနစ်တကျ စုဖွဲ့ပြီး ကြိုတင်ဇာတ်တိုက်လေ့ကျင့်သွားကြရန်၊ အာဇာနည်ခေါင်းဆောင်ကြီး များ လုပ်ကြံခံရသည့်အခန်းကို ယခင်နှစ်များအတိုင်း ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားကြရန်နှင့် တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးခန်းမ ကို ယခင်အတိုင်း ပြန်လည်ခင်းကျင်းပြသနိုင်အောင် မွမ်းမံပြင်ဆင်ဆောင်ရွက် သွားကြစေလိုကြောင်း၊ ထို့အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဆောက်အအုံ ကြံ့ခိုင်မှုရှိစေရေး၊ အသုံးအဆောင်ပစ္စည်းများကို ယခင်နှစ်အတိုင်း ခင်းကျင်း ပြသနိုင်ရေးနှင့် ခြံဝင်းအတွင်း စိုက်ပျိုးသီးနှံများနှင့်တကွ သပ်ရပ်တင့်တယ် စေရေးတို့ကို အချိန်မီပြီးစီးအောင် ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း။
လုံခြုံရေးကော်မတီအနေဖြင့် အခမ်းအနားကျင်းပမည့်နေရာများ၌ လုံခြုံရေးတာဝန် ဆောင်ရွက်ရာတွင် ပေးအပ်ထားသည့် လုပ်ငန်းတာဝန် (၁၂)ရပ်ကို လစ်ဟာမှုမရှိအောင် အထူးအလေးထား ဆောင်ရွက်သွားရန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း အာဇာနည်နေ့နှင့် သက်ဆိုင်သော အကြောင်းအရာများအား ပြည်သူများသိရှိနိုင်ရန်အတွက် ယခင်နှစ်များ နည်းတူ သတင်းဆောင်းပါးများ၊ အင်တာဗျူးများ၊ စာစီစာ ကုံးပြိုင်ပွဲများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ သီချင်းများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သော မှတ်တမ်းများ၊ ရုပ်ရှင်ကားများ စသည်တို့ကို သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ကြိုတင်ထုတ် လွှင့်နိုင်ရေး စီမံဆောင်ရွက် သွားရန် ပြောကြားလိုပါကြောင်း။
( ၇၂ )နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာဖြင့် အောင်မြင်အောင် ကျင်းပပြု လုပ်နိုင်ရန်အတွက် ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီ၊ လုံခြုံရေးကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးတို့အနေဖြင့် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို အခြေခံပြီး ယခုကျင်းပမည့် အခမ်းအနားများတွင် အားနည်းချက်မရှိအောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တို့က သက်ဆိုင်ရာဆပ်ကော်မတီအလိုက် ဆောင်ရွက်နေမှု အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ပညာရေးဝန်ကြီးဌာန òန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးနှင့် တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်တို့က (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဗဟိုကော်မတီနာယက ဒုတိယသမ္မတက တင်ပြဆွေးနွေး ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment