Friday, June 7, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟန်ဂေရီနိုင်ငံ National University of Public Service
၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ဟောပြောပို့ချ

Image may contain: 1 person, standing
ဘူဒါပတ်စ် ဇွန် ၆
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် H National University of Public Service သို့ရောက်ရှိရာ ပါမောက္ခချုပ် Dr. Andras koltay နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်ဆံမှုတိုးမြှင့်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ပြည်တွင်းငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်း စဉ်များ၊ မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံပညာရေး ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဟောပြောပို့ချသည်။
ရှင်းလင်းဖြေကြား
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား ကျောင်းသူများသိလိုသည့် မေးခွန်းများအား ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က National University of Public Service ပါမောက္ခချုပ်အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ် သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံ အောက်လွှတ်တော်သို့ရောက်ရှိပြီး ဟန်ဂေရီနိုင်ငံ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Mrs. Marta Matra နှင့် တွေ့ဆုံသည်။
ပူးပေါင်းဆောင်ရွက်
တွေ့ဆုံပွဲတွင် မြန်မာနှင့်ဟန်ဂေရီနိုင်ငံတို့အကြား ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် တူညီစွာကြုံတွေ့ ခဲ့ရသည့်အချက်များအား အပြန်အလှန်ဖလှယ်ရေးကိစ္စ၊ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင် ရွက်ရေးနှင့် လွှတ်တော်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးကြသည်။
တက်ရောက်
ထို့နောက် နိ်ုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံလွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Zsolt Nemeth က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
ယင်းနောက် နိ်ုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဒါပတ်စ်မြို့ရှိ Marriott ဟိုတယ်၌ ကျင်းပသည့် မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံစီးပွားရေးဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပညာတော်သင်များအား တွေ့ ဆုံ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ ဟန်ဂေရီနိုင်ငံ ရောက် မြန်မာ ပညာတော်သင်များအား ခေတ္တတည်းခိုနေ သည့် Kempinski ဟိုတယ်၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲများနှင့် စီးပွားရေးဖိုရမ်ဖွင့်ပွဲတို့သို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ မြန်မာသံ အမတ်ကြီး ဦးမျိုးအေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment