Wednesday, June 12, 2019

ထိုင်းနိုင်ငံမှ နေရပ်ပြန်မိသားစုဝင် ကျောင်းသား ကျောင်းသူများအား ကယားပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံ
Image may contain: 1 person, sitting and crowd
လွိုင်ကော် ဇွန် ၁၁
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်စခန်းမှ နေရပ်ပြန် မိသားစုဝင်များ၏ သားသမီးများ အခြေခံပညာကျောင်း တက်ရောက်ရန် Placement Test အောင်မြင်သည့် ကျောင်းသား ကျောင်းသူများအား ယနေ့မွန်းလွဲ ၂ နာရီက လွိုင်ကော်မြို့ ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမ ၌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ် အသီးသီးမှ နေရပ်ပြန်မိသားစုများ၏ သားသမီးများ အခြေခံပညာကျောင်းများတွင် ပညာရေးကို ဆက်လက် လေ့လာဆည်းပူးနိုင်ရန် Placement Test အောင်မြင် သည့် ကျောင်းသား ကျောင်းသူ ၂၈ ဦးရှိပြီး ကျောင်းသား ကျောင်းသူများ၏ ပညာရေးကဏ္ဍတိုးတက်ရေး လိုအပ် သည်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ နေရပ်ပြန် ကျောင်းသား ကျောင်းသူ များနှင့် မိဘများက လိုအပ်သည်များကို ရှင်းလင်းတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြချက်အပေါ် ကဏ္ဍအလိုက်ဖော်ဆောင်ပေးနိုင်မည့် အခြေ အနေများ၊ ရှေ့ဆက်ဆောင်ရွက်ပေးမည့် လုပ်ငန်း များအပေါ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးသွား မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ထေးငှားလျားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျောင်းဝင်းခြံစည်းရိုး ကာရံ နိုင်ရေးအတွက် ငွေ$ကျပ်သိန်း ၃၀၊ နေရပ်ပြန် Placement Test အောင်မြင်သည့် ကျောင်းသားကျောင်းသူ ၂၈ ဦး အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၂၈ သိန်း ထောက်ပံ့ပေးပြီး Save the Children အဖွဲ့က နေရပ်ပြန် ကျောင်းသား ကျောင်းသူ များအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် တက်ရောက် ပညာသင်ကြားမည့် ကျောင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ နေရပ်ပြန် ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။ လွိုင်ကော်သား

No comments:

Post a Comment