Wednesday, June 12, 2019

သက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ ဆွေးနွေးပွဲ (၂၀၁၉) ကျင်းပ
Image may contain: 9 people, people smiling, people standing and indoor
နေပြည်တော် ဇွန် ၁၁
ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် သက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေဆွေးနွေးပွဲ (၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ LIFT Fund ၏ အလှူရှင်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ 
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာ နိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး Andrea Faulkner တို့က အဖွင့်အမှာစကား ပြောကြားသည်။
LIFT Fund သည် Multi-Donor Trust Fund တစ်ခုဖြစ်ပြီး ၎င်း၏ဌာနခွဲကို မြန်မာနိုင်ငံ၌ ၂၀ဝ၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးကဏ္ဍ၊ သက်မွေးမှုကဏ္ဍ၊ အသေးစားချေးငွေကဏ္ဍ၊ အာဟာရပြည့်ဝရေးကဏ္ဍနှင့် ရွှေ့ပြောင်းသွားလာနေထိုင်မှုကဏ္ဍများတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၉ သန်းဖြင့် ကျေးလက် နေပြည်သူများ အထူးသဖြင့် လုပ်ကွက်ငယ်တောင်သူများနှင့် ဆင်းရဲနွမ်းပါးသည့် လူထုအတွက် လူနေမှု ဘဝ တိုးတက်မြင့်မားရေးကို အဓိက ဦးတည်ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment