ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးသည် နိုင်ငံ၏စီးပွားရေး၊ လူနေမှုဘဝ၊ ပညာရေးဖွံ့ဖြိုး တိုးတက်မှု များနှင့် တိုက်ရိုက်သက်ဆိုင်

ရန်ကုန် ဇွန် ၁၁
ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင် နေကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။
ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ Pan Pacific Hote ၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် ကမ္ဘာကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးညွန့်ဝင်းက ထို့သို့ပြော ကြား ခဲ့ခြင်း ဖြစ်သည်။
အလေးထားဖြေရှင်း
ဆက်လက်၍ ၎င်းက ပြည်တွင်းပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနှင့် ရွှေ့ပြောင်းနေထိုင်မှုများ၊ ရာသီဥတု ပြောင်းလဲခြင်းအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအ္တရာယ်များ၊ စားနပ်ရိက္ခာမဖူလုံမှုများ၊ လူမှုစီးပွားဘဝ အကျပ်အတည်းများသည် ကလေးများ ပညာဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ဘဲ ကလေး အလုပ်သမားအဖြစ်သို့ တွန်းပို့လျက်ရှိခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ခက်ခဲကြာရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် အလေးထားဖြေရှင်း ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင်ကလေးဦးရေ ၁၂ သန်းကျော်ရှိသည့် အနက် ခြောက်သိန်းကျော်သည် ကလေးအလုပ်သမားများ ဖြစ်ကာ ကလေးအလုပ်သမား လေးသိန်းခန့်မှာ အ္တရာယ် ရှိသည့်အလုပ်လုပ်ကိုင်နေကြပြီး အသက် ငါးနှစ်မှ ၁၇ နှစ် အထိကလေးဦးရေ ၁၂ ဒသမ ၄ သန်းအနက် ကလေး ဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ကလေး အလုပ်သမားဖြစ်ကာ ၂၀ ရာခိုင်နှုန်းကျော်သည် မြို့ပြ ကလေးအလုပ်သမားများ ဖြစ်နေခြင်းကြောင့် ပြည်တွင်း ကလေးအလုပ်သမားဈေးကွက်တွင် ၁၅ နှစ်မှ ၁၇ နှစ်ကြား ကလေးများသည် ကလေးအလုပ်သမားအဖြစ် အများဆုံး အလုပ်လုပ်ကိုင်နေကြရသည့် အသက်အပိုင်းအခြားများ ဖြစ်ပြီး အများစုမှာ မူလတန်းကျောင်း အဆင့်သာ ပြီးမြောက်ထားသည်ကို၂၀၁၈ ခုနှစ် နှစ်စဉ် လုပ်သား အင်အားစစ်တမ်းအစီရင်ခံစာအရ လေ့လာ တွေ့ရှိရ ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
သက်ရောက်မှု ပိုမိုများပြား
"ကလေးအလုပ်သမားအများစုဟာ ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ခွင့်မရရှိမှုနဲ့ မိသားစုအားထောက်ပံ့ဖို့ လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်နဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တွေမှာလုပ်ကိုင်နေရပြီး အြွေကးအတွက် အလုပ်လုပ်ပေး ရတဲ့ အလေ့အထကြောင့် အိမ်အကူများအဖြစ် လုပ်ကိုင် နေရတဲ့ ကလေးအလုပ် သမားများအပေါ်မှာ သက်ရောက်မှု ပိုမိုများပြားလျက်ရှိပါတယ်"ဟုအလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။
ကလေးအလုပ်သမား ပြဿနာကိုကမ္ဘာတစ်ဝန်းလုံး တွင် အလေးထားဆောင်ရွက်နေပြီး မြန်မာနိုင်ငံအနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်း ဆိုင်ရာသဘောတူညီချက် ILO Convention 182 ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် အကောင် အထည်ဖော်မှုအစီရင်ခံစာကို ILO သို့ တင်သွင်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)၊ က္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
အရေးတယူ ကိုင်တွယ်ဖြေရှင်း
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Rory Mungoven က "ဆင်းရဲမွဲ တေမှုဟာ ကလေးငယ်တွေကို အလုပ်ခွင်ထဲ တွန်းပို့နေတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ ဒါတွေကို တားဆီးနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အနည်းဆုံးအသက်အရွယ် လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ ILO ရဲ့ ပြဋ္ဌာန်းချက် (၁၃၈)နဲ့အညီ ဆောင်ရွက်နိုင်ဖို့ အမျိုးသားအဆင့် လုပ်ငန်း စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေ တာတွေ၊ ကလေးအလုပ်သမားပြဿနာကို အရေးတယူ ကိုင်တွယ်ဖြေရှင်းနေတာတွေကို အသိအမှတ်ပြုပါတယ်"ဟု ပြောသည်။
က္ဘာတစ်ဝန်းတွင် ကလေးအလုပ်သမားဦးရေ ၁၅၂ သန်းရှိနေပြီး ၇၃ သန်းမှာ ဘေးအန္တရာယ်ရှိသော (သို့မဟုတ်) ဘေးဖြစ်စေနိုင်သောအလုပ်များကို လုပ်ကိုင် နေရကြောင်း၊ ၎င်းကလေးသူငယ်များသည် အခြား ကလေး ငယ်များထက် ခံစားခွင့်များဆုံးရှုံးလျက်ရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုအသိုင်းအဝိုင်း တွင်လည်း ထိခိုက်မှုများဖြစ်ပေါ်စေပြီး ယင်းအခြေအနေများ ကို မျက်ကွယ်ပြုထားမည်ဆိုပါက တိုင်းပြည်၏ အနာဂတ် အလုပ်သမားလုပ်အားမှာ ကျဆင်းလျော့ကျနိုင်ဖွယ် ရှိကြောင်းတွေ့ရှိရပြီး မြန်မာနိုင်ငံတွင် ကလေး အလုပ်သမား များကို စိုက်ပျိုးရေးကဏ္ဍ၌ (၆၀ ဒသမ ၅ ရာခိုင်နှုန်း) နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ (၁၂ ရာခိုင်နှုန်း) အများဆုံး တွေ့ရှိရသည်ဟု ယနေ့ကျင်းပသည့်အခမ်းအနားတွင် ILO က ထုတ်ပြန်ထားသည်။
အိပ်မက်တွေ ဆွတ်ခူးနိုင်ဖို့ ကြိုးစားသင့်တဲ့အရွယ်
"ကလေးအလုပ်သမားပြဿနာဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စပဲဖြစ်ပါတယ်။ ဒါတွေဟာ လှူအခွင့် အရေးချိုးဖောက်မှုနဲ့ အရွယ်ရောက်ပြီးသား လူကြီးအလုပ်သမားတွေကို မတရားခိုင်းစေတာမျိုး ဖြစ်စေ နိုင်ပါတယ်။ ကလေးတွေဟာ လုပ်ငန်းခွင်မှာ ရှိမနေသင့် ပါဘူး။ သူတို့ဟာ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်၊ အိမ် ဒါမှမဟုတ် ကျောင်းမှာရှိနေသင့်ပြီး သူတို့ရဲ့အိပ်မက်တွေ ဆွတ်ခူးနိုင်ဖို့အတွက် ကြိုးစားသင့်တဲ့ အရွယ်ဖြစ်ပါတယ်"ဟု ILO /My-PEC (မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး အစီအစဉ်)၏ Chief Technical Advisor ဖြစ်သူ Selim Benaissa က ပြောသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ILO မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်း- မင်းသစ်(MNA)
ဓာတ်ပုံ- ပြည့်ဖြိုး

No comments:
Post a Comment