ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်သည် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Saurabh Kumar အား ယနေ့ နံနက် ၁၁ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် နှစ်အလိုက် တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လမ်းပန်းဆက်သွယ် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်း၊ တံတားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာကိစ္စ၊ အိန္ဒိယနိုင်ငံအစိုးရ၏ Indian Technical and Economic Cooperation (ITEC) အစီအစဉ် အရ ဖွင့်လှစ်ခဲ့သော ပညာသင်ဆုများ ဖြစ်သည့် အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့် ဘာသာရပ်ဆိုင်ရာ သင်တန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်း များအား ရွေးချယ်လေ့ကျင့်ပေးခဲ့မှု၏ အကျိုးရလဒ်များ၊ အိန္ဒိယနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကဏ္ဍအသီးသီး၌ လိုအပ်ချက်ရှိသည်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေ အနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
နားလည်မှုစာချွန်လွှာ
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး စီမံကိန်းအရ နှစ်နိုင်ငံ နယ်နိမိတ်ထိစပ် နေသည့် နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေ ၂၈ ရက်တွင် ရေးထိုး ခဲ့ပြီး နှစ်အလိုက် တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ငါးကြိမ်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment