Monday, June 10, 2019

Brighter Energyနှင့် PTTORဆီသိုလှောင်ကန်နှင့် စက်သုံးဆီလက်လီဆိုင်များ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအခမ်းအနား ကျင်းပ


Image may contain: 1 person, sitting and indoor 
ရန်ကုန်     ဇွန်   
PTT  Oil  and  Retail  Business  Public Company Limited နှင့် ကမေ္ဘာဇအုပ်စုဝင်ကုမ္ပဏီ ဖြစ်သည့် PTT  Oil  and  Retail  Business  Public Company Limitedနှင့် Brighter Energy Retail Company Limited တို့၏ မြန်မာနိုင်ငံအတွင်း ဆီသိုလှောင်ကန်နှင့် စက်သုံးဆီ လက်လီဆိုင်များ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ Lotte Hotel Crystal Ballroom  ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့   ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး PTT Public Company Limited (PTT) ၏ ဥက္ကဋ္ဌ Mr. Chansin Treenu-  chagronPTT  Oil and Retail Business Public  Company  Limited (PTTOR)  Mr. Auttapol   Rerkpiboon နှင့်  ဘုတ်အဖွဲ့ဝင်များ၊   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု  လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ နှင့်  အဖွဲ့ဝင်များ၊  မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ  သံအမတ်ကြီး များ၊ Brighter Energy  မှ  တာဝန်ရှိသူများနှင့်   အထူး ဖိတ်ကြားထားသည့်  ဧည့်သည်တော်များ   တက်ရောက် ကြသည်။
ရှေးဦးစွာ ကုမ္ပဏီလုပ်ငန်းအကြောင်းကို တက်ရောက် လာသူများအား ဗီဒီယိုဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက်   အခမ်းအနားကို   စတင်ဖွင့်လှစ်ပြီး  တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  မြန်မာနိုင်ငံ ဆိုင်ရာ  ထိုင်းနိုင်ငံသံအမတ်ကြီး  Ms. Suphatra Srimaitreephithak    UMFCCI     ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ကမ္ဘောဇအုပ်စု၏  အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ  ဦးညိုမြင့်၊ PTT ဥက္ကဋ္ဌ Mr. Chansin Treenuchagron နှင့် PTTOR  ဥက္ကဋ္ဌ Mr. Auttapol Rerkpiboon တို့က  အမှာစကားပြောကြား ကြသည်။
ဆက်လက်၍ ဆီသိုလှောင်ကန်လုပ်ငန်း အကျိုးတူ ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇအုပ်စုဝင် ကုမ္ပဏီဖြစ်သော Brighter  Energy  Company  Limited နှင့် PTTORတို့က   သဘောတူလက်မှတ်ရေးထိုးကြပြီး  စက်သုံးဆီလက်လီဆိုင်များ   ဆောင်ရွက်သွားရန်အတွက် PTTOR နှင့် Brighter Energy Retail Company Limited       တို့က    သဘောတူလက်မှတ်ရေးထိုးခဲ့ ကြသည်။
ယခုကဲ့သို့ လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံ၏   အကြီးဆုံးဖြစ်လာမည့်   ဆီသိုလှောင်ကန်နှင့် မီးဖိုချောင်သုံးဓာတ်ငွေ့ရည် (LPG) သိုလှောင်ကန်ကို  ၂၀၂၁ ခုနှစ်  အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ စက်သုံးဆီများ လက်လီရောင်းချမည့် PTT Stationစက်သုံးဆီဆိုင်ပေါင်း ၇၀ ကို ၂၀၂၃ ခုနှစ်မတိုင်မီ နိုင်ငံအနှံ့အပြားတွင် တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် ရည်မှန်း ထားပြီး နိုင်ငံတကာအဆင့်မီ အရည်အသွေး မှန်ကန်တိကျ သော အချိန်အတွယ်နှင့် သင့်တင့်မျှတသော ဈေးနှုန်း တို့ဖြင့် ပြည်သူများအား ရောင်းချသွားမည်  ဖြစ်ကြောင်း။
အဆိုပါ PTT Station စက်သုံးဆီဆိုင်များတွင် Cafe Amazon  ကော်ဖီဆိုင်၊ မီနီမတ်၊  ကားအင်ဂျင်ဝိုင် ဆားဗစ်၊ ငွေလဲကောင်တာနှင့် အများပြည်သူ နားနေခန်း  စသည့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများ  ပါဝင်မည် ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားတိုးတက်လာစေရန် ဒေသခံ SMEလုပ်ငန်းများဖြင့်လည်း  ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
PTT Oil  and Retail Business Public Company Limited (PTTOR)သည်  ထိုင်းနိုင်ငံပိုင် PTT Public Company Limited  (PTT) Group ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး PTT Group  ၏ အဓိကအားထားရသော  ရေနံနှင့် LPG ဖြန့်ချိရေး ကုမ္ပဏီတစ်ခုဖြစ်သည်။  PTTOR သည် ထိုင်းနိုင်ငံ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်  PTT Station စက်သုံးဆီဆိုင်ပေါင်း ၂၀၀၀ ကျော် ဖွင့်လှစ်ထားပြီးဖြစ်သည်။
ကမ္ဘောဇအုပ်စုသည် နိုင်ငံတော်အတွက်  အကျိုးပြု သည့် စီးပွားရေးလုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်ခဲ့ရာတွင် ငွေကြေးကဏ္ဍတွင် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ အရင်း အနှီးဈေးကွက်ဝန်ဆောင်မှုလုပ်ငန်း     (Securities)  အသေးစားငွေချေးလုပ်ငန်းစသည့်      လုပ်ငန်းများတွင် ဦးဆောင်လုပ်ကိုင်လျက်ရှိပြီး လေကြောင်း၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊  သတ္တုတူးဖော်ရေး၊ ကုန်သွယ်ရေး၊ ဟိုတယ် နှင့်ခရီးသွားလာရေး၊  ကျန်းမာရေး၊  နည်းပညာဆိုင်ရာ လုပ်ငန်းများကို    အောင်မြင်စွာ    ဆောင်ရွက်လျက်ရှိ သည်။
လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အလျောက် နိုင်ငံတော်၏ အခွန်ကို ခုနစ်နှစ်ဆက်အများဆုံး ပေးဆောင်ခဲ့သည်။   ပြည်သူနှင့်  လူမှုအဖွဲ့အစည်းများ၏   လိုအပ်ချက်များအတွက်   ကမ္ဘောဇအနာဂတ်အလင်းတန်း   မြန်မာဖောင်ဒေးရှင်းသည်  ယနေ့အထိ ငွေကျပ်   ၁၅၅   ဘီလီယံ   လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
"အရင်က ကမ္ဘောဇအုပ်စုပိုင် နီလာရိုးမစက်သုံး ဆီဆိုင်တွေကို နိုင်ငံအနှံ့အပြားမှာ ဖွင့်လှစ်ပြီး လက်လီ ရောင်းချခဲ့ရာက ယခုအခါ စက်သုံးဆီကဏ္ဍဟာ နိုင်ငံတော်  စီးပွားတိုးတက်ဖွံ့ဖြိုးရေးနဲ့   အများပြည်သူ   သက်သာ ချောင်ချိရေးအတွက်  အဓိကအရေးပါပြီး  နိုင်ငံတော် ကလည်း အားပေးအထောက်အကူပြုတဲ့အတွက် လက်လီ အဆင့်ကနေ   လက်ကားအဆင့်ကို   တိုးတက်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။  ပြည်သူတွေရဲ့ လိုအပ်ချက် နဲ့အညီ ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ဖို့အတွက် Brighter  Energyကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံတော်ရဲ့ မူဝါဒနဲ့အညီ    ကမ္ဘာ့အဆင့်မီ   PTT   အဖွဲ့အစည်းနဲ့  ချိတ်ဆက်ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်"   ဟု ကမ္ဘောဇအုပ်စု၏      အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ပြောသည်။                        
 သတင်းစဉ်

No comments:

Post a Comment