မြန်မာ့အလင်းအယ်ဒီတာအာဘော်
ဆယ်တန်းအောင်စာရင်း တစ်နည်းဆိုရလျှင် တက္ကသိုလ်ဝင် အောင်စာရင်း များ ဇွန် ၈ ရက်က ထွက်သည်။
ဖြေဆိုခဲ့သူ ရှစ်သိန်းငါးသောင်းကျော်ရှိသည့်အနက် အောင်မြင်သူ နှစ်သိန်းရှစ်သောင်း နီးပါးရှိ၏။ အောင်ချက်ရာခိုင်နှုန်းအားဖြင့် ဆိုရလျှင် ၃၁ ရာခိုင်နှုန်းကျော်ဖြစ်၏။
ရှေးယခင်ခေတ်နှင့် ယှဉ်လျှင် အောင်မြင်သူ များစွာရှိနေသည် ဖြစ်သော်လည်း ယမန်နှစ်များနှင့် ယှဉ်ကြည့်လျှင် အောင်မြင်မှုနှုန်း ကျဆင်းသွားသည်ဟု ဆိုရပါမည်။
အောင်စာရင်းတွင် နာမည်မပါဝင်ခဲ့သော ကျောင်းသား လူငယ်များ၊ ကျောင်းသား ကျောင်းသူတို့၏ မိဘများ လွန်စွာထိခိုက်ခံစား ဝမ်းနည်းနေ ကြရသည်မှာလည်း သဘာ၀ကျလှပါသည်။ ယခုစာမေးပွဲက များစွာသော ကျောင်းသားလူငယ်တို့၏ ဘ၀ရှေ့ရေးအတွက် အရေးပါသော အလှည့် အပြောင်း အချိုးအကွေ့ တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့်ပါ။
အခြေခံအားဖြင့် မြန်မာလူမျိုး မိဘများသည် မိမိတို့သားသမီးတို့၏ ပညာရေးကို အထူးအားပေးကြ၏။ မိမိတို့၏ သားသမီးများကို ပညာတတ် ကြီးများ ဖြစ်စေချင်၏။ ထို့ပြင် ၎င်းတို့၏ ဘ၀အနာဂတ်ကို ယခုစာမေးပွဲက များစွာ အဆုံးအဖြတ်ပေးလိမ့်မည်ဟု ထင်မြင်ကြလေ့ရှိ၏။ ယခုစာမေးပွဲ တွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ပါမှ ဆရာဝန်ကြီးများ၊ အင်ဂျင် နီယာကြီးများ၊ ရှေ့နေကြီးများ၊ အစိုးရပုဂ္ဂလိက လုပ်ငန်းဌာနကြီးများ၌ တာဝန်ကြီးကြီးယူရသည့် အရာရှိ အရာခံကြီးများ ဖြစ်လာမည်ဟု မျှော်မှန်း ကြ၏။
သည်လိုအယူအဆတို့ဖြင့် သားသမီးများကို တက္ကသိုလ်ဝင် စာမေးပွဲအောင်ကြရေး၊ ဂုဏ်ထူးများစွာရရေး၊ အမှတ်ကောင်းကောင်း ရရှိရေး စသည်တို့အတွက် ဖိအားအမျိုးမျိုးပေးကြ၏။ အထောက်အပံ့ အမျိုးမျိုး ပေးကြ၏။
တက္ကသိုလ်ဝင်စာမေးပွဲမှ မအောင်မြင်လျှင် ဘ၀တစ်ခုလုံး ပျက်သုဉ်း တော့မည့်ပမာ၊ သာမန် ဉာဏ်ရည်အဆင့်ကိုပင် မမီတော့သည့်အလား၊ လူ့အဖွဲ့အစည်းထဲ ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သည်အထိ အပြစ်တင်ကြ ဆူပူကြ ငြိုငြင်ကြ ဖြစ်ကုန်၏။
ပညာတတ်တာကောင်း၏။ ပညာများကို မြင့်မြင့်မားမား ကြိုးစား သင်ကြားလေ့လာရခြင်းသည် လွန်စွာကောင်း၏။ ပြီးတော့ မြန်မာနိုင်ငံလို တိုးတက်ဖွံ့ဖြိုးရေးအတွက် အထူးပင် အင်စိုက်အားစိုက် ကြိုးပမ်းနေရသည့် နိုင်ငံအဖို့မူ ပညာတတ်များ ပညာရှိများ အမှန်တကယ်လို၏။ ပညာကို ပတ်ပတ်နပ်နပ် လေ့လာအားထုတ်ကြိုးပမ်းနေကြရန်လည်း လို၏။ နိုင်ငံက ပညာလိုလား တောင့်တကြသူ များစွာလိုအပ်နေသည်မှာလည်း လက်ငင်း ကြုံတွေ့ရသည့် ပြဿနာကြီးတစ်ခု ဖြစ်လေ၏။
သို့သော်လည်း လူ့ဘ၀သည် တက္ကသိုလ်ဝင်စာမေးပွဲ တစ်ခုတည်းက ပြဋ္ဌာန်းနေသည်မဟုတ်ပါ။ လူ့ဘ၀ကို ရှင်သန်ရပ်တည်နိုင်ရေး လူ့ဘ၀မှာ အောင်မြင်စွာ နေထိုင်နေရေးနှင့် လူ့ဘ၀ကို အကျိုးရှိစွာ ဖြတ်သန်းရင်း လူ့ဘောင်လောကကို တတ်နိုင်သမျှ ဖြည့်ဆည်းတည်ဆောက် သွားရေးဆိုသည်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးမှ ဖြစ်နိုင် မည်ဟု ယူဆလျှင်မူ ပြန်လည်ဆန်းစစ်ကြည့်ရန်လိုပြီဟု ထင်ပါသည်။ အမှန်မှာတော့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ဟူသည်ကပင် ပြန်လည် ဆန်းစစ်ကြရန်လိုနေပြီဖြစ်သည် မဟုတ်ပါလော။ အမှန်တကယ်လည်း ပြန်လည်ဆန်းစစ်နေကြသည် မဟုတ်ပါလော။ ပညာရေးစနစ်ကို မည်မျှ အထိ ပြုပြင်ပြောင်းလဲကာ ပြင်ဆင်ရန် လိုအပ်မည်ဟူသည်ကို ပညာရေး နယ်ပယ်က ပညာရှင်များ အလေးအနက် စဉ်းစားနေကြချိန်လည်း ဖြစ်သည် မဟုတ်ပါလော။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသားများ၊ ထူးထူးချွန်ချွန် အောင်မြင်ခဲ့သူများအတွက် ဂုဏ်ယူမိပါ၏။ ထို့နည်းတူစွာ မအောင်မြင်သူများအတွက်လည်း ယခုအခြေအနေသည် ဘ၀၏ အဆုံးသတ်မဟုတ်ဘဲ ရှေ့အနာဂတ် ရင်ဆိုင်စရာများစွာကို ရင်ကော့ကာ စိန်ခေါ်မှုများအားလုံးကို မျက်နှာချင်း ရဲရဲဆုံကြည့်ရင်း မှန်မှန်ကန်ကန် ဆက်လက်ကြိုးပမ်းကြရေးက အရေးအကြီးဆုံးဟု ဆိုချင်ပါသည်။ ။

No comments:
Post a Comment