
ကိုလံဘို ဇွန် ၉
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ဇွန် ၉ ရက်တွင် သီရိ လင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး
အီစတာအကြမ်းဖက်မှုတွင် သေဆုံးခဲ့သူများအတွက်
ဝမ်းနည်းစကား ပြောကြားခဲ့ ကြောင်း သိရသည်။
အီစတာအကြမ်းဖက်မှုတွင် လူ ၂၅၀ ကျော် သေဆုံးခဲ့ပြီး
၅၀၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ဇွန် ၉ ရက်တွင် သီရိလင်္ကာဝန်ကြီးချုပ် ရာနေးလ် ဝက်ကရီမီဆင်းဟီက ဘန်ဒါရာနိုက်နိုင်ငံတကာလေဆိပ်၌
အိန္ဒိယဝန်ကြီးချုပ်မိုဒီအား ကြိုဆိုခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်မိုဒီက မြို့တော်
ကိုလံဘိုရှိ စိန့်အန်တိုနီ ခရစ်ယာန်ဘုရားကျောင်းသို့
သွားရောက်ကာ အကြမ်းဖက် မှုတွင် သေဆုံးခဲ့သူများအား
ဂါရ၀ပြုခဲ့သည်။
စိန့်အန်တိုနီ ခရစ်ယာန်ဘုရားကျောင်းသည် ဧပြီ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သည့် အီစတာအကြမ်းဖက်မှုများ
အနက် ထိခိုက်ခဲ့သော ဘုရားကျောင်းတစ်ခုဖြစ် သည်။
သီရိလင်္ကာနိုင်ငံသည် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ
ဆက်လက်စံစားရမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုများ သည် သီရိလင်္ကာနိုင်ငံပြည်သူများ၏
စိတ်ဓာတ်ကို ထိခိုက် စေမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်မိုဒီက ဆိုသည်။သီရိလင်္ကာသမ္မတ မိုင်သရီပါလ သီရိသေနနှင့်
ဝန်ကြီးချုပ် မိုဒီတို့သည် ကိုလံဘိုမြို့၌
တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြမ်း ဖက်မှုများကို ပူးပေါင်းဆောင်ရွက်ကာ ချေမှုန်းသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက
ဆိုသည်။
ဝန်ကြီးချုပ်မိုဒီက အတိုက်အခံခေါင်းဆောင်
မာဟင်ဒါ ရာဂျာပက်ဆာနှင့် တမီ အမျိုးသားစုံစမ်းထောက် လှမ်းရေး အာဆမ်ပန်သန်နှင့် တွေ့ဆုံခဲ့ကြောင်းလည်း
သိရသည်။
ဆင်ဟွာ
No comments:
Post a Comment