Monday, June 10, 2019

အမျိုးသားပြတိုက်(ရန်ကုန်)တွင် ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံပြပွဲ ခင်းကျင်းပြ




Image may contain: 6 people, people standing

ရန်ကုန်   ဇွန်  
သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသား ပြတိုက်(ရန်ကုန်)က ကြီးမှူးကျင်းပသော ရှမ်းစော်ဘွားကြီး တို့၏  ရှားပါးဝတ်စုံပြပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက ပြည်လမ်းရှိ  အမျိုးသားပြတိုက် (ရန်ကုန်)၌ ကျင်းပ သည်။
တက်ရောက်
အဆိုပါပြပွဲသို့    တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  နိုင်သက်လွင်၊  ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်း၊  သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဦးကြည်မင်း၊ သံတမန်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျွမ်းကျင်ပညာရှင်များ၊  ရှမ်းစော်ဘွားမျိုးနွယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်    တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    နိုင်သက်လွင်က တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံသမိုင်းတွင် အထင်အရှားရှိ ခဲ့ပြီး မျက်မှောက်ခေတ် လူငယ်၊ လူရွယ်၊ လူလတ်ပိုင်းများ လက်လှမ်းမီခြင်းမရှိခဲ့သည့်  နယ်မြေဒေသအသီးသီးမှ ရှမ်းစော်ဘွားတို့၏ ရှားပါးသည့် ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်းများကို ယခုပွဲတွင် မြင်တွေ့ခွင့်ရရှိ မည်ဖြစ်ကြောင်း၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့် အတန်းကိုလေ့လာရာတွင် ထိုလူမျိုး၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၊ စကား၊ စာပေယဉ်ကျေးမှု  ရိုးရာဓလေ့ထုံးတမ်းအစဉ် အလာ၊ တူရိယာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများကို လေ့လာခြင်းအားဖြင့် အကဲဖြတ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြပွဲမျိုး ကျင်းပပေးခြင်းအားဖြင့် တိုင်းရင်းသားလူမျိုး တစ်မျိုးအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုးထားသည့်စိတ်၊ ထိန်းသိမ်းလိုသည့်စိတ်များ တိုးပွား လာစေရန်သာမက ရှမ်းလူမျိုးအများစုနေထိုင်ရာဒေသရှိ ပြတိုက်များတွင်  ခင်းကျင်းပြသနိုင်ပါကလည်း  ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းရရှိ နိုင်မည်ဖြစ်ပါကြောင်း ဂုဏ်ပြုစကားပြောကြားသည်။
အဖွင့်အမှာစကားပြောကြား
ထို့နောက်      ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ပြပွဲသည် မိမိတို့လူမျိုးများအတွက် အလွန်ဂုဏ်တက်စေသည့် ပွဲတစ်ခုဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ပွဲမျိုး နိုင်ငံမှာရှိနေသည့် တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှု၊      ဓလေ့ထုံးတမ်းဘာသာစကားများကို ထိန်းသိမ်းစောင့်ရှောက်ပြီး   အများပြည်သူသိရှိအောင် ဆောင်ရွက်သင့်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ   စုဝေးပြီး   နေထိုင်ကြခြင်းကြောင့်   မိမိတို့ အားလုံးသည်  ပြည်ထောင်စုကြီးအတွင်း  တစ်ဦးနှင့် တစ်ဦး   လက်တွဲပြီး  ချစ်ခင်စွာဖြင့်   ပြည်ထောင်စုကြီးကို ဆက်လက်တည်တံ့ခိုင်မြဲအောင်    ရပ်တည်ဆောင်ရွက် ကြမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက်  မိမိတို့နိုင်ငံတွင်  နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံ သားအားလုံးတွင် တာဝန်ရှိကြောင်း၊ အခုဆိုလျှင်  ရှမ်း တိုင်းရင်းသားများ၏   နှစ်ပေါင်း ၁၀၀ ကျော်ကာလက ဝတ်စားဆင်ယင်ခဲ့သည့် အဝတ်အစားများကို စနစ်တကျ မှတ်တမ်းတင်ပြီး ထိန်းသိမ်းစောင့်ရှောက်မှုတစ်ခုကို ပြုနိုင် ခဲ့ကြောင်း၊ ယင်းသည် အလွန်ကောင်းမြတ်သည့် လုပ်ငန်း စဉ်ဖြစ်ပါကြောင်း  ကြိုဆိုနှုတ်ခွန်ဆက်စကား ပြောကြား သည်။
ယင်းနောက်  သာသနာရေးနှင့်   ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ရှမ်းစော်ဘွားများ၏ ရှေးခေတ်ဝတ်စုံများကို     နောင်ခေတ်လူငယ်များအထိ ကြည့်ရှုလေ့လာခွင့်ရစေရန်အတွက် ပိုမိုကြံ့ခိုင်မှုရှိရေး၊ ခေတ်မီနည်းပညာရပ်များဖြင့်     ပိုးမွှားများကင်းစင်ပြီး သန့်ရှင်းစေရန်၊ တာရှည်ခံနိုင်အောင် ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်ပြီး ပြင်သစ်နိုင်ငံသို့ ခေတ္တပို့ ဆောင်ရွက်လိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့   ၂၀၁၆   ခုနှစ်က   ကမ်းလှမ်းလာခဲ့သည့် အချိန်မှစတင်ပြီး   ရှေးဟောင်းသုတေသနနှင့်  အမျိုးသား ပြတိုက်ဦးစီးဌာနမှ ပညာရှင်များကို ညောင်ရွှေယဉ်ကျေးမှု ပြတိုက်တွင် ပြသထားသောစော်ဘွားကြီးများနှင့် အခြား အဆင့် ဝတ်စုံများ၏ ပျက်စီးယိုယွင်းမှုများကို သွားရောက် စစ်ဆေးထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့်  ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က   ရန်ပုံငွေကျခံ ဆောင်ရွက်ခဲ့ပါကြောင်း၊  ထို့ပြင်  ညောင်ရွှေမြို့ရှိ  ဆရာ တော်ကြီးများ၊   ဟော်နန်းထိန်းသိမ်းရေးကော်မတီများ၊ မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့ များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရ၏   ခွင့်ပြုချက်ဖြင့်  ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထိန်းသိမ်းဆောင်ရွက်မှုမှာ တစ်နှစ်နှင့်သုံးလ ကြာမြင့်ခဲ့ပါကြောင်း၊   ၂၀၁၈-၂၀၁၉   ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းရေးလုပ်ငန်းများ      ဆောင်ရွက်ပြီးစီးပြီး ညောင်ရွှေယဉ်ကျေးမှုပြတ်တိုက်သို့  ပြန်လည်မပို့ဆောင်မီ အများပြည်သူ  လေ့လာကြည့်ရှုနိုင်ရန်   အဆိုပါပြပွဲကို ပြသခြင်းဖြစ်ပါကြောင်း   အဖွင့်အမှာစကားပြောကြား သည်။
ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ပြပွဲကျင်းပရခြင်းနှင့် ရည်ရွယ်ချက်ကိုလည်းကောင်း၊ အမျိုးသားပြတိုက်(ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါ်နန်း လောဝ်ငင်းက ရှမ်းစော်ဘွားကြီးများ၏ ဝတ်စုံထိန်းသိမ်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများက ရှမ်း စော်ဘွားကြီးများ၏ ရှားပါးဝတ်စုံများ ပြပွဲကျင်းပရာတွင် ပံ့ပိုးကူညီခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြ သူများသည် ပြပွဲအား လှည့်လည်ကြည့်ရှုသည်။
နှစ်ပေါင်းရာကျော်ရှိ ညောင်ရွှေစော်ဘွားကြီးများ၏  ရှားပါးဝတ်စုံများဖြစ်သည့် ကတ္တီပါဘရိုကိတ်၊ ချည်ထည်၊ ပိုးထည်များပေါ်တွင် အလှဆင်ထားသည့် ရွှေချည်ထိုး၊ ပန်းထိုးလက်ရာများပါဝင်သော ဝတ်စုံ ၃၀ ကို ဇွန် ၉ ရက်မှ ၁၈ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အမျိုးသားပြတိုက်(ရန်ကုန်)တွင် နေ့စဉ်အခမဲ့ပြသသွား မည်ဖြစ်သည်။
အဆိုပါ ဝတ်စုံများကို ညောင်ရွှေယဉ်ကျေးမှုပြတိုက်မှ ရန်ကုန်သို့ သယ်ဆောင်ကာ အမျိုးသားပြတိုက်မှ ခေတ်မီ နည်းပညာဖြင့်  ပထမဆုံးအကြိမ် လျှော်ဖွပ်ပြုပြင်ခဲ့ပြီး အများပြည်သူများ  လေ့လာကြည့်ရှုနိုင်ရန်၊ ကမ္ဘာလှည့် ခရီးသွားများ လေ့လာကြည့်ရှုနိုင်ရန်  ရည်ရွယ်ပြသခြင်း ဖြစ်သည်။ ပြပွဲကာလပြီးဆုံးပါက အဆိုပါဝတ်စုံများကို ညောင်ရွှေယဉ်ကျေးမှုပြတိုက်တွင်   ပြသထားမည်ဖြစ် ကြောင်း သိရသည်။         
                     သတင်းစဉ်


No comments:

Post a Comment