Monday, June 10, 2019

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိလူထုဖြန့်ပျိုးဥယျာဉ်များ၊ သစ်တောစိုက်ခင်းများနှင့် ဆင်စခန်း ကြည့်ရှုစစ်ဆေး



Image may contain: 2 people, people standing and outdoor

နေပြည်တော်   ဇွန်  
သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနက  မုန်တိုင်ကြိုးဝိုင်းအကွက်အမှတ် ၄၊  ၅ အတွင်း စိုက်ပျိုးထားရှိသည့် ကျေးရွာသုံး စိုက်ခင်း ဧက ၅၀ ၏ ရှင်သန်အောင်မြင်မှုအခြေအနေကို ကြည့်ရှု စစ်ဆေးပြီး   ဒဟတ်ပင်များကို ပင်ပူးခွာကိုင်းချိုင်ခြင်း ဆောင်ရွက်၍ အနီးဝန်းကျင်ရှိ အကျိုးပြုကျေးရွာများအား ထင်းဝေငှခြင်းဆောင်ရွက်ရန်၊    အပူရှိန်ပြင်းထန်မှုကြောင့် ပျက်စီးခဲ့ရသည့် သစ်ပင်များကို သက်တမ်းတူအပင်များ ဖြင့် ပြန်လည်ဖာထေးစိုက်ပျိုးဆောင်ရွက်ရန်၊ စိုက်ခင်း ရှင်သန်ကြီးထွားမှုကို စံကွက်များချမှတ်၍ စာရင်းကောက် ယူခြင်းဆောင်ရွက်ရာတွင်    ဌာနလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် မှတ်တမ်း များကိုလည်း စနစ်တကျထိန်းသိမ်းထားရှိရန်၊ စိုက်ခင်း တာဝန်ခံများ အလုပ်လွှဲပြောင်းရာတွင်လည်း ဆောင်ရွက် ပြီးလုပ်ငန်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များကို  တိတိကျကျ    လွှဲပြောင်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ရေရှည်တည်တံ့အောင်ဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်း တောင်းမြို့နယ်       ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကို၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ် မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော် တုတ်တို့နှင့်အတူ       မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေး  မိုင်တိုင်အမှတ် ၄၈/၀ အနီးရှိ အထူး စိမ်းလန်းစိုပြည်ရေးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။ စိုက်ခင်းသည် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း ဘေးတွင်တည်ရှိပြီး ခရီးသွားပြည်သူများ နားခိုစရာနေရာ တစ်ခုဖြစ်သည့်အတွက် ရေရှည်တည်တံ့အောင် ထိန်းသိမ်း ဆောင်ရွက်ရန်၊ ပူပြင်းခြောက်သွေ့သောဒေသဖြစ်သည့် အတွက် မိုးရွာသွန်း၍ မြေအစိုဓာတ်ရသည်နှင့် တစ်ပြိုင်နက် စိုက်ခင်းသစ်စိုက်ပျိုးခြင်း၊ သေပင်ဖာထေးခြင်း ဆောင်ရွက် နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိရန်၊ ရေစီးကြောင်း၊ ချောင်းငယ်၊ မြောင်းငယ်တို့၏ အထက်ဘက်နှင့် ရေဆင်း မည့် တောင်စောင်းနေရာများ၌ နုန်းတားတမံငယ်များ ဆောင်ရွက်ထားရှိရန်တို့ကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့သို့ ရောက်ရှိကာ သစ်တောဦးစီးဌာန နဘူး တောအမြဲတမ်းပျိုးဥယျာဉ်အား   လှည့်လည်ကြည့်ရှု၍ သစ်တောဦးစီးဌာနနှင့်   ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ သစ်တောလုပ်ငန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အမြစ်ရှည်ပျိုးပင် များ  ပျိုးထောင်ခြင်းနည်းပညာကို အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ပျိုးဥယျာဉ်များတွင်ပါ  လက်တွေ့ စမ်းသပ်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာန ချောက်ဘုရားလှ အမြဲတမ်းပျိုးဥယျာဉ်ကို ကြည့်ရှု စစ်ဆေးကာ ပျိုးစင်တွင် ၁၂ ရာသီလုံး ပျိုးပင်မပြတ်စေရေး အတွက် အထူးစိမ်းပျိုးပင်ကြီးများ ပျိုးထောင်ထားရှိရန်၊ နှစ်ချို့ပင်များနှင့် ပျိုးပင်သစ်များဖလှယ်၍ နှစ်ချို့ပင်ကြီး များကို စိုက်ခင်းတည်ထောင်ရာ၌ စိုက်ပျိုးဆောင်ရွက်ရန် တို့ကို မှာကြားသည်။
ပြီးစီးအောင်ဆောင်ရွက်
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦး-မြင်းခြံ  ကားလမ်းဘေးရှိ ပလင်းကမ်းသာယာ ဆင်စခန်းအား ရောက်ရှိစစ်ဆေးပြီး စခန်းတာဝန်ခံ၏ တင်ပြချက်များအပေါ်  လာရောက်အပန်းဖြေလေ့လာကြ သည့် ပြည်သူများအတွက် ဝန်ဆောင်မှုအပြည့်အဝပေးနိုင် ရေး   ဖြည့်ဆည်းဆောင်ရွက်ရမည့်   လိုအပ်ချက်များ၊ လေညှင်းခံဆိပ်ခံတံတား   တည်ဆောက်ရေးအတွက် လိုအပ်သည့်  သစ်၊ တိုင်များ  စုဆောင်းထားရှိရန်၊ ဆင်ပြ တိုက်တည်ဆောက်ခြင်းကို ပွင့်လင်းရာသီအမီ ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောဦးစီးဌာနနှင့်   ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ သစ်တောလုပ်ငန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။ ယခုနှစ် အပူဒဏ်ကြောင့် သေကျေပျက်စီးသည့် အပင်များအား ဖြည့်စွက်ပြန်လည်စိုက်ပျိုးရန်အတွက် ကွက်ပြည့်ကွင်းနင်း စစ်ဆေး၍ သေပင်များနေရာတွင် ပန္နက်ရိုက်မှတ်ကာ မြင်သာအောင်    ဆောင်ရွက်ထားရန်၊   မိုးရွာသွန်း၍ လုံလောက်သော အစိုဓာတ်ရသည်နှင့် စိုက်ခင်းသစ်စိုက်ပျိုး ခြင်း၊   စိုက်ခင်းဟောင်းဖာထေးခြင်းတို့   တစ်ပြိုင်နက် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်အစီအမံများ ဆောင်ရွက်ထားရှိရန်နှင့် ဝန်ထမ်းများအား စနစ်တကျတာဝန်ခွဲဝေပေးအပ်ထားရန်တို့ကို မှာကြားခဲ့ပြီး ဒေသခံ ပြည်သူလူထုနှင့်လည်း ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ၍ လိုအပ် သည်များ စီမံဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment