
ရန်ကုန် ဇွန်
၉
ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှုခင်းစီမံခန့်ခွဲမှု ကော်မတီ ရန်ကုန်တိုင်းဒေသကြီး
တရားလွှတ်တော်နှင့် USAID
PRLM တို့ ပူးပေါင်းကျင်းပသည့် မှုခင်းစီမံခန့်ခွဲ
မှု အစီအစဉ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အရှေ့ပိုင်းခရိုင်
တရားရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်
ဦးလှအေးက တရား စီရင်ရေးမဟာဗျူဟာစီမံကိန်း ၂၀၁၈-၂၀၂၂ မဟာဗျူဟာ လုပ်ငန်းနယ်ပယ် ၅ တွင်
ထိရောက်သော မှုခင်းစီမံခန့်ခွဲ မှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်
တို့ကို တိုးမြှင့်ဆောင်ရွက်ရန် ဖော်ပြထားကြောင်း၊ မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ကို အသုံးပြုခြင်းဖြင့်
မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာဖြေရှင်းရန်၊ မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ လက်ကျန် အမှုများနှင့် ကြန့်ကြာနေသည့်မှုခင်းများ
လျှော့ချရန် ဖြစ်ကြောင်း၊ တရားရုံးများအပေါ် ပြည်သူလူထု ယုံကြည် ကိုးစားမှုမြှင့်တင်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။
ထို့နောက် မှုခင်းစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုတရားစီရင်ရေး
ကြီးကြပ်မှုရုံးမှ ညွှန်ကြားရေး မှူးချုပ် ဒေါ်တင်နွယ်စိုးက သင်တန်းတွင် မှုခင်းစီမံခန့်ခွဲမှု ဆိုင်ရာနှင့်
ကနဦးဆောင်ရွက်ရမည့်အချက်များ၊ မှုခင်း စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်မှန်းချက်ပန်းတိုင်နှင့်
လုပ်ငန်း စဉ်အဆင့်ဆင့်၊ မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုံစံအသုံးပြုပုံတို့ကို သင်ကြားပို့ချမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးလေ့ကျင့်ဌာန၊
တိုင်းဒေသကြီး တရား ရေးဦးစီးမှူးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ Co-Trainer များ၊ USAID PRLM မှ သင်တန်းဆရာ ဆရာမများ၊ သင်တန်းသား
တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများ စုစုပေါင်း ၁၉၁ ဦး တက်ရောက်ကြပြီး
သင်တန်းကာလမှာ ဇွန် ၈ ရက်မှ ၉ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - ဇော်မင်းလတ်
No comments:
Post a Comment