Monday, June 10, 2019

အမေရိကန်နှင့်အီရန်အကြား ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး စေ့စပ်ညှိနှိုင်းမည်




Image may contain: 4 people

တီဟီရန် ဇွန် ၉
အီရန်နိုင်ငံအား ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု များကို  ဖြေလျှော့ပေးစေရန်  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကူညီပြောကြားပေးစေလိုသည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ဖွင့်ဟပြောကြားခဲ့ ကြောင်း ယနေ့သတင်းများအရ သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် က အထက်ပါကိစ္စရပ်နှင့်ပတ်သက်ပြီး ဇွန် ၉ ရက်တွင် တီဟီရန်မြို့၌ မီဒီယာသို့ ပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးသည် ဇွန် ၁၂ ရက်မှစပြီး အီရန်နိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီး ရောက်ရှိမည်ဖြစ်သည်။
ဝါရှင်တန်က အီရန်နိုင်ငံမှ ရေနံစိမ်းတင်ပို့မှုများကို ပိတ်ပင်လျက် အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်လျက်ရှိသည်။
သမ္မတထရန့်ဦးဆောင်သည့်အစိုးရသည် စီးပွားရေး စစ်ပွဲတစ်ရပ်  ပေါ်ပေါက်လာစေရန် ကြိုးပမ်းလျက်ရှိပြီး အီရန်ပြည်သူများအား   ခက်ခဲသောအခြေအနေသို့ ရောက်ရှိအောင် တွန်းပို့လျက်ရှိသည်ဟု အီရန်နိုင်ငံခြား ရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က     ဆိုသည်။
ထို့ပြင် အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လျက်ရှိသည့်  ဆိုးကျိုးများနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေးအား အသေးစိတ် အသိပေးပြောကြားမည်ဟု  အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က မီဒီယာသို့   ပြောကြား ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးအနေဖြင့်    အမေ ရိကန်၏ လုပ်ဆောင်ချက်များကို ရပ်တန့်သွားရန် ကူညီ ပေးနိုင်မည်ဟု ယုံကြည်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ဆက်လက်ပြောကြားခဲ့ သည်။
အမေရိကန်အစိုးရသည် အီရန်နိုင်ငံအား ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်သို့  ဖိတ်ခေါ်လျက်ရှိစဉ်  တစ်ဖက်ကလည်း စီးပွားရေးပိတ်ဆို့မှုများကို အသစ်ချမှတ်ခဲ့သည်။ ယင်းသို့ အမေရိကန်၏လုပ်ရပ်ကို   ရှုတ်ချပါကြောင်း   အီရန် နိုင်ငံခြားရေးဝန်ကြီး  မိုဟာမက်   ဂျာဗက်ဇာရစ်ဖ်က ဆိုသည်။
အင်န်အိတ်ခ်ျကေ  

No comments:

Post a Comment