
ကာရာကတ်စ် ဇွန် ၉
ဗင်နီဇွဲလားအစိုးရက ကိုလံဘီယာနိုင်ငံနှင့်ထိစပ်သွယ်တန်းထားသည့် နယ်စပ် တံတားများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ယနေ့သတင်းများအရ
သိရ သည်။
အမေရိကန်မှ လူသားချင်းစာနာထောက်ပံ့မှုများ ဝင်ရောက်မှုမရှိနိုင်စေရန် ရည်ရွယ်ပြီး နှစ်နိုင်ငံနယ်စပ်ဂိတ်တံတားများကို ဗင်နီဇွဲလားအစိုးရက ပိတ်ဆို့ထားခဲ့သည်။
သမ္မတ နီကိုလက်စ်မာဒူရိုက ဗင်နီဇွဲလားနှင့်နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည့် ကိုလံဘီယာ၊
ဘရာဇီးနှင့် အခြားသောနိုင်ငံများရှိ နယ်စပ်တံတားများကို ဖေဖော်ဝါရီလအတွင်း ပိတ်ဆို့ရန်
အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် ဗင်နီဇွဲလားနိုင်ငံအတွင်းသို့
လူသားချင်းစာနာ ထောက်ထားသည့်အကူအညီများ ပေးပို့ခြင်းဖြင့် နိုင်ငံအတွင်းသို့ ကျူးကျော်
ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သမ္မတ မာဒူရိုက ဆိုသည်။
အမေရိကန်အစိုးရသည် အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွါအီဒိုအား အဓိက ထောက်ခံအားပေးသည်။
နိုင်ငံ၏အနောက်ဘက်ရှိ တာချီရာပြည်နယ်တစ်လျှောက် ကိုလံဘီယာ နိုင်ငံ နယ်စပ်ဒေသကို
ဖြတ်သန်းသွားလာမှုများ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ မာဒူရိုက တွစ်တာစာမျက်နှာတွင်
ရေးသားထားကြောင်း သိရသည်။ သို့သော် ခွင့်ပြုရခြင်း၏အကြောင်းအရင်းကို တိကျသေချာစွာ ပြောကြားခြင်းမရှိခဲ့ပေ။
ဗင်နီဇွဲလားပြည်သူများသည် နိုင်ငံရေးပဋိပက္ခအတွင်း မြေစာပင် အဖြစ်သို့ရောက်ရှိကာ
နေ့စဉ်သုံးစွဲသည့်ကုန်ပစ္စည်းများ ပြတ်လပ်မှုများနှင့် လည်း ရင်ဆိုင်နေရကြောင်း သိရသည်။
သမ္မတမာဒူရိုက ကိုလံဘီယာနယ်စပ်တံတားပြန်လည်ဖွင့်လှစ်ပေးရန် ကြေညာခဲ့ပြီးနောက်
ပြည်သူအများအပြားက အဆိုပါတံတားမှတစ်ဆင့် ကိုလံဘီယာနိုင်ငံ ကူကူတာမြို့သို့ သွားရောက်ကာ
လိုအပ်သော အစားအစာ များနှင့် ဆေးဝါးပစ္စည်းများကို ဝယ်ယူခဲ့ကြသည်။
ဗင်နီဇွဲလားပဋိပက္ခကြောင့် ဗင်နီဇွဲလားနိုင်ငံမှ နေရပ်စွန့်ခွာသူအရေ အတွက်သည်
လေးဘီလီယံခန့်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက ဆိုသည်။
အင်န်အိတ်ခ်ျကေ
No comments:
Post a Comment