နေပြည်တော် ဇွန် ၁၆
ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား
ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများအား ကနဦး ထောက်ပံ့ပေးခြင်းနှင့်
ရှေးဦးအရွယ်ကလေးများအတွက် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရန်
ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ပုသိမ်မြို့ရှိ
ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပဋိသန္ဓေတည်သည်မှစ၍ ကလေးသူငယ် များ၏ အသက်ရှင်သန်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်နှင့် အသက်အရွယ်အလိုက် လူမှုကဏ္ဍများ၌ ပါဝင်ခွင့် စသည့်အခွင့်အရေးလေးခုကို ရရှိရမည်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ်ကို ပြဋ္ဌာန်း အတည်ပြုပြီးဖြစ်၍ မကြာမီထုတ်ပြန်မည် ဖြစ်ပါကြောင်း၊ သက်ကြီးဘိုးဘွားများကိုလည်း ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးလျက်ရှိရာ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ငွေကြေးထောက်ပံ့ခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းများ နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေပေါ်ပေါက်ပြီးဖြစ်ကြောင်း၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး မဟာဗျူဟာစီမံချက်များနှင့် လုပ်ငန်းစဉ်များ ချမှတ်လျက် ရှိပါကြောင်း၊ အဆိုပါကော်မတီများ၌ မသန်စွမ်းအဖွဲ့အစည်း များလည်း ပါဝင်ပါကြောင်း။
လက်ရှိတွင် မသန်စွမ်းသူများအား ကနဦးထောက်ပံ့ခြင်း များ ဆောင်ရွက်နေပါကြောင်း၊ ပိုမိုစနစ်ကျသော ထောက်ပံ့ ခြင်းများ၊ လူမှုကဏ္ဍများ၌ ပါဝင်စွမ်းဆောင်နိုင်ရန် ပံ့ပိုးခြင်း များဆောင်ရွက်နိုင်ရန် အမြင်အာရုံမသန်စွမ်းမှု၊ အကြားအာရုံ မသန်စွမ်းမှု၊ ကိုယ်ခန္ဓာမသန်စွမ်းမှုနှင့် ဉာဏ်ရည်မသန်စွမ်းမှု များအလိုက် မသန်စွမ်းအဆင့်ခွဲခြားပြီး မသန်စွမ်းမှတ်ပုံတင် များရရှိလာမည်ဖြစ်ကြောင်း၊ မသန်စွမ်းရန်ပုံငွေထူထောင်ပြီး မသန်စွမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကြိုးပမ်းလျက် ရှိကြောင်း။
မွေးစမှ အသက်(၃)နှစ်အရွယ်အထိ ကလေးငယ်များ အတွက် နေ့ကလေးထိန်းကျောင်းများမရှိသေးသော ဒေသ များ၌ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီး ဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်စေရန် ပြည်သူများ၊ လူမှုအဖွဲ့အစည်း များနှင့် သက်ဆိုင်ရာအစိုးရဌာနများက ပူးပေါင်းပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွား ၁၄၉၈၂ ဦးအတွက် ထောက်ပံ့ငွေကျပ်ကျပ် ၇၄၉၄၆၀၀၀၀၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်နှင့် လပွတ္တာခရိုင်များအတွင်းရှိ မသန် စွမ်းသူ စုစုပေါင်း ၁၈၅၄၈ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်ကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်ကျပ် ၅၅၆၄၄၀၀၀၀၊ ပုသိမ်မြို့ ရပ်ကွက်(၈)၊ ငါးသိုင်းချောင်းမြို့ ငဝန်ရပ်ကွက်နှင့် ရွှေဘိုရပ်ကွက်၊ ကျောင်းကုန်းမြို့၊ အိုးဖိုကျေးရွာနှင့် စစ်ကိုင်း ထောင့်ရပ်ကွက်များအတွက် မိခင်ဝိုင်းတစ်ဝိုင်းစီ ဖွင့်လှစ်ရန် စုစုပေါင်းထောက်ပံ့ငွေကျပ်ကျပ် ၈၅၀၀၀၀ နှင့် မသန်စွမ်းကလေးငယ် တစ်ဦးအတွက် ဝှီးချဲတို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။
ယင်းနောက် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် သင်္ဂဟ ကျား/မ ရေးရာအဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်သည့် ကျား/မရေးရာအမြင်ဖွင့်သင်တန်းသို့ သွားရောက် ကြည့်ရှုသည်။ သတင်းစဉ်

No comments:
Post a Comment