နေပြည်တော် ဇွန် ၁၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည်
ယမန်နေ့မွန်းလွဲပိုင်းက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)သို့
ရောက်ရှိပြီး တံတားကြီးကြံ့ခိုင်မှုအခြေအနေနှင့်
တံတားအောက်ဖြတ်သန်းစီးဆင်းသည့် သောင်းရင်းမြစ်ရေ လမ်းကြောင်း
အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မြ၀တီ-ကော့ကရိတ် လမ်း အခြေအနေကို လည်းကောင်း ၊ ကျားကလေး - ဇာသပြင် - မော်လမြိုင် လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေကို လည်းကောင်း လမ်း တစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအ¸ (၄)၊ တံတား အထူးအ¸(၁၄)မှ တည်ဆောက်နေ သော အတ္တရံမြစ်ကူး(စံပယ်ဂူ)တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တံတား တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဒုတိယòန်ကြားရေးမှူး(မြို့ပြ) ဦးဇော် မိုးလွင်က တံတားစီမံကိန်းဖြစ်မြောက် နိုင်စွမ်းလေ့လာမှုမှ တံတားအူကြောင်း ရွေးချယ်ထားရှိမှု၊ တံတားဆိုင်ရာ အချက်အလက်များ၊ ရန်ပုံငွေရရှိမှု ၊ လုပ်ငန်းစီမံချက်နှင့် တိုးတက်မှု ၊ ဘေး အ္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု ၊ ဘိုးပိုင်တူးရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများနှင့် ပတ်သက် ၍ လည်းကောင်း၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကြည်သွင်ဦး က ချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင် ရွက်ထားရှိမှုတို့ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက မြစ်ကူးတံတားကြီးများ တည်ဆောက်ရာတွင် တံတားနေရာ ရွေးချယ်မှု၊ မြေစမ်းသပ်မှုနှင့် တံတား ဘိုးပိုင်လုပ်ငန်းများသည် အရေးကြီး သည့်အပိုင်းတွင် ပါဝင်ပါကြောင်း၊ တံတားတည်ဆောက်ရေး အတွေ့အကြုံ များပြားလာသည်နှင့်အမျှ အရည် အသွေး စံချိန်စံòန်းပြည့်မီပြီး လက်ရာ သေသပ်ကောင်းမွန်လာသည့် တံတား များကို တွေ့မြင်ရပြီ ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် လာသည်နှင့်အညီ ကျေးလက်၊ မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း ၊ ယခုတံတားကြီးကို ပြည်သူ များ အမြန်ဆုံးအသုံးပြုနိုင်ရန် စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်အချိန်မီ ပြီးစီးရေး အထူးအလေးထားဆောင် ရွက်ရန် မှာကြားပြီး စက်ယန္တရားကြီး များဖြင့် ဘိုးပိုင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။
ယခု တည်ဆောက်နေသည့် အတ္တရံမြစ်ကူး(စံပယ်ဂူ)တံတားသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရော - စံပယ်ဂူ - ကော့ပနော လမ်းပေါ်တွင်တည်ရှိပြီး တံတားအမျိုး အစားမှာ အပေါ်ထည်ပင်မတံတားကို သံမဏိသံပေါင်ဖြင့် ထည့်သွင်းတည် ဆောက်ပြီး ချဉ်းကပ်တံတားနှင့် ကိုယ်ထည်အပေါ်ပိုင်းကို ကြိုတင် အားဖြည့် သံကူကွန်ကရစ်တို့ဖြင့် တည်ဆောက်မည်ဖြစ်သည်။ တံတား အရှည် ၂၁၁၃ ပေ ၂ လက်မ ၊ ယာဉ် သွားလမ်းအကျယ် ၂၇ ပေ ၁၁ လက်မ၊ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေ ၃ လက်မစီပါရှိကာ တံတားအောက် ရေလမ်းကင်းလွတ်အကျယ် ပေ ၃၆၀၊ အမြင့် ၄၆ ပေနှင့် ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ AASH TO (HS 25-44)ဖြစ်သည်။
အတ္တရံမြစ်ကူး(စံပယ်ဂူ)တံတား တည်ဆောက်ပြီးစီးသွားပါက လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာပြီး အတ္တရံမြစ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာ အုပ်စု ၃၁ အုပ်စု ၊ ကျေးရွာပေါင်း ၉၇ ရွာ၊ လူဦးရေ တစ်သိန်းသုံးသောင်း ကျော်နှင့် အတ္တရံမြစ်အနောက်ဘက် ခြမ်းရှိ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ကျေးရွာပေါင်း ၆၁ ရွာ၊ ကျိုက်မရောမြို့ ပေါ်ရှိရပ်ကွက်(၄)ရပ်ကွက်၊ လူဦးရေ ကိုးသောင်းကျော်တို့ကို တိုက်ရိုက် အကျိုးပြုမည်ဖြစ်ပြီး အနယ်နယ်အရပ် ရပ်မှ ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူချောမွေ့ပြီး ကုန်စည်စီးဆင်းမှု များလည်း သွက်လက်မြန်ဆန်လာမည် ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကျိုက်မရောဘက်ခြမ်း ချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက် နေမှု ၊ ကျိုက်မရော-မော်လမြိုင် ကတ္တရာ ကွန်ကရစ်လမ်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment