နေပြည်တော် ဇွန် ၁၅
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
ဇနီးဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင်
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်
မွေတော်ကက္ကူ ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို သည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် ဗုဒ္ဓရက္ခိတ ကျောင်းတိုက်၌ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေ အဖွဲJU နာယက ဦးအောင်ခမ်းထီအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျန်းမာရေး အခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေးကြ သည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဦးအောင်ခမ်းထီ အတွက် အားဖြည့်ငှက်သိုက်ရည်များ နှင့် စားသောက်ဖွယ်ရာများအား လက်ဆောင်အဖြစ် ပေးအပ်သည်။
ထို့နောက် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်သည် အောင်ဆုဟော်ဘုံ ဓမ္မာရုံ၌ ဒေသခံပြည်သူများအား တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ပြောကြားရာ ဦးစွာကျောက်တစ်လုံး ကြီးမြို့ အုပ်ချုပ်ရေးမှူးနှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသ ဆိုင်ရာ အချက်အလက်များ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များအား ရှင်းလင်းတင်ပြကြသည်။
တစ်ပြေးညီတိုးတက်စေချင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိ အနေဖြင့် တိုင်းရင်းသားဒေသအားလုံး အားတစ်ပြေးညီ တိုးတက်စေချင် ကြောင်း၊ တချို့ဒေသများတွင် နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီ များပေးရာတွင် အခက်အခဲများရှိ ကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့် ဒေသတွင်မဆို ဖွံ့ဖြိုးတိုးတက်ရေးများ အတွက်အကူအညီပေးရန်၊ အကြံဉာဏ် ပေးရန်၊ ဝိုင်းဝန်းဆောင်ရွက်ပေးရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဒေသခံပြည်သူများ အတွက် စားသောက်ဖွယ်ရာများအား ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူသည်။
ရေနှင့်လျှပ်စစ်မီးရရှိရန်နည်းလမ်းရှာ
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်မှ ကူညီဆောင်ရွက်ပေး လျက်ရှိသည့် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ၊ အောင်ဆုဗွေစိုက်ပျိုးရေးနှင့် မွေးမြူရေး စခန်းသို့ ရောက်ရှိကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မွေးမြူရေး လုပ်ငန်းများတွင် လိုအပ်သည့် တိရ္ဆာန် အစာများ ထုတ်လုပ်နိုင်သည့် သီးနှံများ ကိုပါ ထည့်သွင်းစိုက်ပျိုးရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အရင်းအနှီးအနည်းဆုံးနှင့် အကျိုး ဖြစ်ထွန်းစေနိုင်သည့် စိုက်ပျိုးမွေးမြူရေး စနစ်များကို စဉ်းစားဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့်ရေနှင့် လျှပ်စစ်မီးရရှိစေရန် လည်း နည်းလမ်းရှာဆောင်ရွက်ရန် လိုကြောင်း အကြံပြုပြောကြားသည်။
ကြည့်ရှုအားပေး
ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် Myanmar National League 2019 ဒုတိယအကျော့ အဖွင့်ပွဲစဉ်ဖြစ် သည့် ShanUnitedအသင်းနှင့် Chi- naland FC အသင်းတို့ ယှဉ်ပြိုင်ကစား မှုအား ကြည့်ရှုအားပေးကြသည်။
ဘောလုံးပွဲတွင် Shan United အသင်းနှင့် Chinland FC အသင်း တို့သည် တစ်ဖက်နှင့်တစ်ဖက်တစ်ဂိုးစီ သွင်းယူပြီး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ သည်။
ဘောလုံးပွဲ ပြီးဆုံးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘောလုံးအသင်း နှစ်သင်းစလုံးအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:
Post a Comment