Sunday, June 16, 2019

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီဘောလုံးပြိုင်ပွဲကျင်းပ





Image may contain: 3 people, people playing sports, people standing, grass, sky, outdoor and nature
နေပြည်တော် ဇွန် ၁၅



၂၀၁၉ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲ(တတိယအကြိမ်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း၌ ကျင်းပ သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် အားပေးကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ပြိုင်ပွဲဝင် အသင်းငါးသင်းမှ အားကစားသမား များနှင့် ဒိုင်အဖွဲ့ဝင်များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဖလား တတိယအကြိမ် မိုးရာသီဘောလုံးပြိုင်ပွဲတွင် ပြန်ကြား ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးအသင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအသင်း၊ ပြန်ကြားရေးနှင့် ပြည်သှူဆက်ဆံရေး ဦးစီးဌာနအသင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာနအသင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအသင်းတို့ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို ဇွန် ၂၄ ရက်အထိလည်းကောင်း၊ တတိယ နေရာလုပွဲကို ဇွန် ၂၆ ရက်တွင် လည်း ကောင်း၊ ဗိုလ်လုပွဲကို ဇွန် ၂၉ ရက်တွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဖလား မိုးရာသီဘောလုံး ပြိုင်ပွဲ (တတိယအကြိမ်) အဖွင့်ပွဲစဉ် အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အသင်းနှင့် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။ သတင်းစဉ်

No comments:

Post a Comment