Sunday, June 16, 2019

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)နှင့် ဝန်ထမ်းအိမ်ရာ(ဗဟန်း)အား ကြည့်ရှုစစ်ဆေး




Image may contain: 3 people, people standing
ရန်ကုန် ဇွန် ၁၅





စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်းတွင် အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)သို့ ရောက်ရှိကာ ပြည်ပအတွေ့အကြုံရှိ မြန်မာပညာရှင်များနှင့် ပူးပေါင်းပြီး စင်ကာပူနိုင်ငံ စမ်းသပ်ခန်းတွင်LNG/ LPG/ CNG/ Biogasနှင့် ‘ဒီဇယ်အသုံးပြု Multi-fuel Engine များအဖြစ် ပြောင်းလဲအောင်မြင်ပြီး Generator နှင့်တွဲဖက်ကာ Silent Type Gen Set အဖြစ် အဆင့်မြှင့်တင် ထုတ်လုပ် ထားသော 220 KW နှင့် 140 KW Gen Set များ စမ်းသပ် မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
စမ်းသပ်တီထွင်မှုများကို အမြဲမပြတ်ဆောင်ရွက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုစမ်းသပ် အောင်မြင်မှုမှသည် ဈေးကွက်ဝင် အဆင့်မြင့်လုံခြုံစိတ်ချရသော ကမ္ဘာ့အဆင့်မီ ဓာတ်ငွေ့အင်ဂျင်များအဖြစ် ဆက်လက် ပြောင်းလဲပြီး မီးစက်၊ သင်္ဘော၊ မီးရထားသုံးအင်ဂျင်များနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို အထောက်အကူပြုသော အခြား လုပ်ငန်းသုံး ဈေးကွက်ဝင်အင်ဂျင်များ ထုတ်လုပ်သွားရန်၊ ရရှိလာသော နည်းပညာအသစ်အား ဆင့်ပွားသင်တန်းများ ပေး၍ လက်တွေ့ထုတ်လုပ်ဆောင်ရွက်နိုင်သည်အထိ ကြိုးစားပြီး သုတေသနနှင့် စမ်းသပ်တီထွင်မှုများကို အမြဲမပြတ်ဆောင်ရွက် ကြရန်နှင့် ယင်းအဆင့်များကို ပုဂ္ဂလိက၊ အစိုးရတို့ ပူးပေါင်း လုပ်ကိုင်သော PPP စနစ်ဖြင့် ဆက်လက်အကောင်အထည် ဖော် လုပ်ကိုင်သွားရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်)မှ ထုတ်လုပ်ထားသော ထရန်စဖော်မာများ၊ မတ်ရပ်ဖောက်စက်၊ စားပွဲတင်ဖောက်စက်၊ သံဖြတ်လွှစက်၊ သံရွှေပေါ်စက်၊ တွင်ခုံ၊ သံပြားညှပ်စက်များကို ကြည့်ရှုစစ်ဆေးပြီး စက်မှုလုပ်ငန်းများ၊ စက်ရုံများတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန် စီမံဆောင်ရွက်၍ ဈေးကွက်တွင် ပြည်သူများ လွယ်ကူစွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းရှိ စက်မှုဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းအိမ်ရာများတွင် အဆောက်အဦများနှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှု၊ ဝန်ထမ်းမိသားစုများနေထိုင်မှု၊ လျှပ်စစ်နှင့် ရေသုံးစွဲမှု၊ ရေဆိုးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်မှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment