Monday, June 10, 2019

မြန်မာညနေခင်းခရီးသွားမြှင့်တင်ရေးပွဲ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပ


Image may contain: 7 people
ဆိုးလ်    ဇွန်    ၉
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုး ကူညီမှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စီစဉ်ဆောင်ရွက်မှုနှင့်  ကိုရီယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်  မြန်မာ ညနေခင်းခရီးသွားမြှင့်တင်ရေးပွဲကို ဇွန် ၈ ရက် ညနေပိုင်းတွင်        ဆိုးလ်မြို့ရှိ     Coex     ၌  ကျင်းပသည်။
တက်ရောက်
အဆိုပါအခမ်းအနားသို့  ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ   မြန်မာသံအမတ်ကြီး    ဦးသန့်စင်၊  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်   ဒုတိယ ဥက္ကဋ္ဌ ဦးသက်လွင်တိုး၊   မြန်မာ -  ကိုရီးယား ခရီးသွားလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော  ဧည့်သည်တော်များ တက်ရောက်ကြသည်။
မြှင့်တင်နိုင်ခဲ့
ခရီးသွားမြှင့်တင်ရေးပွဲတွင်   သံအမတ်ကြီး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ပြီး  မြန်မာအစားအသောက် များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကာ မြန်မာ့ခရီးစဉ် ဒေသများကို မြှင့်တင်နိုင်ခဲ့ကြောင်း သိရသည်။
လာရောက်ကြည့်ရှု
Korea World Travel Fair  ခရီးသွားပြပွဲ ကို နှစ်စဉ် ဆိုးလ်မြို့၌  ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ပြခန်းသို့   စိတ်ဝင်တစားလာရောက်ကြည့်ရှုကြ သည်။ မြန်မာနိုင်ငံသို့ ကိုရီးယားခရီးသွားများကို  ဗီဇာကင်းလွတ်ပေးပြီးနောက် လစဉ် ၉၀ ရာခိုင်နှုန်း တိုးတက်နေကြောင်း သိရသည်။
မြန်မာခရီးစဉ်ဒေသ အကောင်းဆုံးဆွဲဆောင် နိုင်မှု ဒုတိယဆုကို နိုင်ငံပေါင်း ၃၀ ကျော်တွင် မြန်မာနိုင်ငံပြခန်းက ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်  

No comments:

Post a Comment