ရန်ကုန် ဇွန် ၁၅
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့နှင့် မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်တို့ ပူးပေါင်းကျင်းပသော
ကင်းထောက်လုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြခြင်းနှင့်
လူမှုအကျိုးပြုပရဟိတလုပ်ငန်းဆောင်ရွက်ခဲ့သည့် ကင်းထောက် လူငယ်များ
ဂုဏ်ပြုပွဲကို ယနေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသည်။
တိုက်တွန်းပြောကြား
အခမ်းအနားတွင် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့နာယက ဒေါက်တာ တင်မျိုးဝင်းက မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး နိုင်ငံတွင်း ငြိမ်းချမ်းရေးသံတမန် ညှိနှိုင်း ရေးမှူးများ သင်တန်းနှင့် မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ၊ က္ဘာ့ကင်းထောက် အဖွဲ့ချုပ်နှင့် အာရှ ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံ ၁၃ နိုင်ငံမှ ကင်းထောက်လူငယ် ကိုယ်စားလှယ်များ စုပေါင်း၍ ''Dialogue for Peace Facilitators' Training'' နိုင်ငံတကာ အဆင့်မီ သင်တန်းတစ်ခုကို မြန်မာနိုင်ငံ တွင် ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတကာ လူငယ် များက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းအားထုတ်မှုကို ပကတိ တွေ့မြင်ခံစားခွင့်ရပြီး အပြန်အလှန် ချစ်ကြည်မှု၊ နားလည်မှု၊ ယုံကြည်မှုများ၊ တည်ဆောက်နိုင်ခွင့်ရခဲ့၍ နိုင်ငံကိုယ်စား ပြု မြန်မာကင်းထောက် လူငယ်များ စွမ်းဆောင်မှုကို ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၏ အဓိက အရင်းအမြစ်ဖြစ်သည့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို လက်တွေ့ကျကျ ကူညီ ဆောင်ရွက်နေသည့် စီးပွားရေး စွမ်းဆောင်ရှင်ကြီးများက အများအကျိုး အတွက် အစဉ်အသင့်ရှိနေကြသည့် မြန်မာကင်းထောက် လူငယ်များ၏ မွန်မြတ်သော ကင်းထောက်လုပ်ငန်းများ ဖြင့် နိုင်ငံ့အကျိုးပြုလုပ်ငန်းဆောင်ရွက် မှုများကို ဝိုင်းဝန်းကူညီ ချီးမြှင့် စောင့်ရှောက်ပေးကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ကင်းထောက်ကြီး ဦးမြင့်သောင်း က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ဥက္ကဋ္ဌ အမျိုးသား ကင်းထောက်ချုပ် ဒေါက်တာတင်ညိုက ကင်းထောက်လုပ်ငန်းများ ရှင်းလင်း တင်ပြကာ ကင်းထောက်လူငယ်များ၏ လူမှုအကျိုးပြု ပရဟိတလုပ်ငန်း ဆောင်ရွက်ချက်များကို လူငယ်ညှိနှိုင်း ရေးမှူး မောင်ဖြိုးသူရဝင်း၊ ရိုဗာ ကင်းထောက် ခေါင်းဆောင် မမြတ်ဆုမွန်၊ နိုင်ငံတကာ ဆက်သွယ်ရေးညှိနှိုင်းရေးမှူး မောင်ကောင်းမြတ်ထူးတို့က ရှင်းလင်း ပြောကြားသည်။
ယင်းနောက် လူမှုအကျိုးပြု ထူးချွန် ဆုရ တက္ကသိုလ်များမှ ကင်းထောက် လူငယ် ၁၀ ဦးအား ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ နာယက ဒေါက်တာ တင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ကင်းထောက်ကြီး ဦးမြင့်သောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က ဂုဏ်ပြုဆု များချီးမြှင့်ကာ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌက မွန်မြတ်သော ကင်းထောက်လုပ်ငန်းစဉ်နှင့် လူငယ်တို့၏ စွမ်းဆောင်မှုများအပေါ် ဂုဏ်ပြုစကား ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် ကင်းထောက်လုပ်ငန်း သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ဒုတိယ ကင်းထောက်ချုပ် ဦးသာစိန်၊ နိုင်ငံတကာ ကင်းထောက် ဆက်သွယ်ရေးမှူးချုပ် ဦးမောင်မောင်ဝင်း၊ ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ လူငယ် ကင်းထောက်မှူးချုပ် ဦးမြင့်ဆွေတို့က ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ ကင်းထောက် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီးကင်းထောက်ချုပ်ဒေါက်တာ တင်ညိုက ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာကြသည့် ကင်းထောက် ကြီးများနှင့် လူငယ်ကင်းထောက်များက အကြံပြုဆွေးနွေးကြပြီး အခမ်းအနားကို ကင်းထောက်ကြီး ဂီတစာဆို ဟင်္သာတ မြင့်ငွေ ရေးစပ်သည့် ''ငြိမ်းချမ်းရေး၏ သံတမန်များ'' ဂီတသရုပ်ဖော်ဖြင့် ကင်းထောက်လူငယ်များက သီဆိုသရုပ် ဖော်၍ အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment