Monday, June 17, 2019

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တိဘက်ပြည်သှူကွန်ဂရက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးအား လက်ခံတွေ့ဆုံ





ရန်ကုန် ဇွန် ၁၆



သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် တရုတ်ပြည်သှူသမ္မတနိုင်ငံ တိဘက်ပြည်သှူကွန်ဂရက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးMr.ChengSiqu နှင့် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန (ရန်ကုန်ရုံးခွဲ) ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံသာသနာရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး စသည့် နယ်ပယ်အသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ တိဘက်ဒေသ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟ လမ်းတွင် ထာ၀ရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အလှူရှင် ဦးနိုင်မောင်သိန်း၊ အမှတ်(၄၆)(န)၊ ဘိုးစိန်လမ်းသွယ်၊ နတ်မောက်ရပ်ကွက်၊ တာမွေမြို့နယ်က အလှူငွေ ကျပ်သိန်း ၃၀၀၊ ဒေါ်မိခင်ညွန့်၊ အမှတ်(၇၅)ဓမ္မာရုံလမ်း၊ ၁၃ ရပ်ကွက်၊ ရန်ကင်းမြို့နယ် မိသားစုကအလှူငွေကျပ် ကျပ်သိန်း ၃၀၀ နှင့် ပရိယတ္တိ စာအောင်ဆုငွေ ပဒေသာပင်အတွက် အလှူငွေကျပ်ကျပ်သိန်း ၂၀၀ တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment