Sunday, June 16, 2019

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းဧက ၁၀၀ အား ကြည့်ရှုစစ်ဆေး





Image may contain: 2 people, people sitting, outdoor and indoor
နေပြည်တော် ဇွန် ၁၅ 


သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် နေပြည်တော်-မကွေး-ကံပြားလမ်း မိုင်တိုင်အမှတ် (၁၃/၅ ) ရှိ ငလိုက်ကြိုးဝိုင်း၊အကွက် အမှတ် (၂၉၊ ၃၀)တွင် ၂၀၁၉ ခုနှစ် မိုးရာသီ၌ တည်ထောင်မည့် မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းမှ ကူညီပံ့ပိုးပေးသော အခြား (ဂေဟစနစ်ဖြည့်တင်းရေး) စိုက်ခင်း ဧက ၁၀၀ အား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ လယ်ဝေးမြို့နယ် နေပြည်တော်မြို့ပတ်လမ်း ရန်အောင်မြင် ကြိုးဝိုင်း အကွက်အမှတ်(၁၃)တွင် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်မည့် နေရာသို့ရောက်ရှိကာ စိုက်ပျိုးပွဲတော် အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁) ကားလမ်းဘေးရှိ ၂၀၁၈၊ ၂၀၁၇၊ ၂၀၁၆ ခုနှစ်များတွင် နိုင်ငံတော် အကြီးအကဲများက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ဖြင့် စိုက်ပျိုးထားသော စိုက်ပျိုးပင်များ၏ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးပြီး ဖိုးဇောင်တောင် ကြိုးဝိုင်းအကွက် အမှတ်(၂၂)၌ ၂၀၁၉ ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပမည့်နေရာသို့ရောက်ရှိပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် အရိုးဆေးရုံအနီး သစ်တော ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းတို့မှ ၂၀၁၈ခုနှစ် မိုးရာသီတွင်စိုက်ပျိုးခဲ့သော ဝါးမျိုးစုံစိုက်ခင်းနှင့် ၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးထားသည့် သစ်မျိုးစုံစိုက်ခင်း များ၏ ရှင်သန်မှုအခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
အပြန်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရုံးအမှတ် (၃၉)သစ်တောဦးစီး ဌာနရှိ အမြဲတမ်းပျိုးဥယျာဉ်၌ ၂၀၁၉ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အသင့်ဖြစ်နေ သော ဝါးမျိုးစုံ၊ သစ်မျိုးစုံ ပျိုးပင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်

No comments:

Post a Comment