မြ၀တီ ဇွန် ၁၅
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်း ဦးစီးဌာန၊ ကရင်ပြည်နယ် ကော့ကရိတ်
ခရိုင်မှ တာဝန်ယူဆောင်ရွက်သော မြ၀တီ - ဝေါလေ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ
အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် အဆိုပါလမ်းအပိုင်းရှိ
လမ်းဖွင့်ပွဲမုခ်ဦးရှေ့ ၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ် ပေးသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ စောမူရှေး၊လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ၊ တိုင်းရင်းသား ရိုးရာအကအဖွဲ့များ တက်ရောက်ကြ သည်။
အခမ်းအနားတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ဖွင့်လှစ်သည့် မြ၀တီ - ဝေါလေ
လမ်းသည် ယခင်က မြေလမ်းနှင့် အမာခံလမ်း အဆင့်သာရှိရာမှ ယခုအခါ ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြ၀တီ-ဝေါလေလမ်းသည် သောင်ရင်းမြစ်အနောက်ဘက်ကမ်းနှင့် ဒေါနတောင်တန်း အရှေ့ဘက်ခြမ်းတွင် တည်ရှိသည့်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး အတွက် အရေးပါသည့် လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ မြ၀တီ-ဝေါလေလမ်းသည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ဖြတ်သန်း ဖောက်လုပ်ထားခြင်းဖြစ်သည့်အတွက် နယ်စပ်ဒေသ တစ်လျှောက် နေထိုင်ကြသည့် ဒေသခံပြည်သူများအတွက် အလွန်အရေးပါသည့် လမ်းတစ်လမ်းဖြစ်သကဲ့သို့ တစ်ဖက်နိုင်ငံ နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင်လည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သွားသည့်အတွက် ဒေသထွက်ကုန် များကို အချိန်တိုအတွင်း ကူးသန်းရောင်းဝယ်နိုင်ကြမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့် မြ၀တီ-ဝေါလေလမ်းကို ကွန်ကရစ် လမ်းအဖြစ် ဆောင်ရွက်နိုင်ရန် ရန်ပုံငွေများခွင့်ပြုပေးရခြင်း သည် ကရင်ပြည်နယ်အတွင်း လမ်း၊ တံတား အခြေခံအဆောက် အဦများ တိုးတက်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀များ တိုးတက်မြင့်မားလာရန် ဖြစ်ပါကြောင်း။
တိုးတက်တည်ဆောက်ပေးနိုင်ခဲ့ပြီ
ယခင်က ကရင်ပြည်နယ်သည် ငြိမ်းချမ်းမှုဆိတ်သုဉ်းခဲ့ခြင်း ကြောင့် အခြေခံအဆောက်အဦဖြစ်သည့် လမ်း၊ တံတားများ တိုးတက်တည်ဆောက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ယခုအခါတွင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ကရင် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများကို အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ပြီး ငြိမ်းချမ်းလျက်ရှိခြင်းကြောင့် လမ်း၊ တံတားအဆောက်အဦများကို တိုးတက်တည်ဆောက် ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ တိုးတက်တည်ဆောက်ပေးခဲ့သည့် လမ်း၊ တံတားများကို ဒေသခံပြည်သူများက ရေရှည်တည်တံ့ခိုင်မြဲ အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုပါကြောင်း၊ မြ၀တီ-ဝေါလေ လမ်းကြီးဖြစ်ပေါ်လာအောင် အဘက်ဘက်က ကူညီစွမ်းဆောင် ပေးခဲ့သည့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၊ ဒေသခံ ပြည်သူများကို အထူးပင်ကျေးဇူးတင်ပါကြောင်း ပြောကြား သည်။
အချိုးညီဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ယနေ့ဖွင့်လှစ်သည့် မြ၀တီ-ဝေါလေ လမ်းသည် မြ၀တီမြို့မှ ဝေါလေမြိုင်မြို့ကို ဆက်သွယ်ထားသော လမ်းကြောင်းဖြစ်ပြီး အရှည် ၄၄ မိုင် ၇ ဖာလုံရှည်လျားပြီး ယခင်က ၁၂ မိုင်ခန့်သာ ကတ္တရာလမ်းအဖြစ်ရှိခဲ့ရာ ကျန်သည့် ၃၂ မိုင် ၇ ဖာလုံခန့်သည် အမာခံလမ်းအဆင့်သာ ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထိရရှိသည့် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ငွေကျပ်ကျပ် ၈၈၀၇ ဒသမ ၀၄ သန်းနှင့် ၁၈ ပေအကျယ် ကွန်ကရစ်လမ်း အဖြစ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် မြ၀တီ-ဝေါလေလမ်းတစ်လျှောက် ပေ ၅၀ အောက် ကွန်ကရစ်တံတား ၅၁ စင်း၊ ပေ ၁၈၀ အထက် တံတားတစ်စင်းနှင့် ကွန်ကရစ်ရေပြွန် ၆၄ စင်းကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ၏ လမ်း၊ တံတားများကို အဆင့်မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အချိန်ကိုလျှော့ချနိုင်ရန် ရည်မှန်း ချက်ဖြစ်သည့် ၂၀၃၀ ခုနှစ်တွင် လက်ရှိလမ်းများကိုASEAN Class III ၁၈ ပေအကျယ် ကတ္တရာလမ်း/ကွန်ကရစ်လမ်းအဆင့် အနည်းဆုံးရောက်ရှိရန်၊ မျှော်မှန်းချက်ဖြစ်သည့် တိုင်းဒေသ ကြီး^ ပြည်နယ်များအလိုက် လမ်း၊ တံတားများနှင့် မြို့ပြဒေသ များ အချိုးညီဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို အဓိကဦးတည်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
ဝိုင်းဝန်းထိန်းသိမ်း
မြ၀တီ-ဝေါလေလမ်းသည် မြ၀တီမြို့နှင့် ဝေါလေမြိုင်မြို့ကို ဆက်သွယ်သည့် မြို့ချင်းဆက်လမ်းဖြစ်သော်လည်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တည်ရှိခြင်းကြောင့် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများအတွက် ကုန်စည်ကူးသန်းရောင်းဝယ် ရာတွင် အချက်အချာကျသည့် လမ်းတစ်လမ်းအဖြစ် တည်ရှိ နေမည်ဖြစ်ပါကြောင်း၊ ယခုအခါမှာ ကရင်ပြည်နယ်သည် ရာနှုန်းပြည့်နီးပါး ငြိမ်းချမ်းခြင်းကြောင့် လမ်း၊ တံတားများ တိုးတက်ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အကုန်အကျခံ တည်ဆောက်ပေးထားသည့် မြ၀တီ-ဝေါလေလမ်းကို ဒေသခံပြည်သူများ စိတ်ချမ်းမြေ့စွာ ကူးသန်းသွားလာ ဆက်သွယ်နိုင်အောင် ဝိုင်းဝန်းထိန်းသိမ်း ပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ စောမူရှေးက ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဆောင်ရွက် ချက်များနှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ထို့နောက် မြ၀တီ-ဝေါလေ ကွန်ကရစ်လမ်းသစ်အား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိန်ဗိုလ်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ စောမူရှေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် မြ၀တီ-ဝေါလေ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်း ကြည့်ရှုကြသည်။
သတင်းစဉ်

No comments:
Post a Comment