Sunday, June 16, 2019

မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး





Image may contain: 2 people, people smiling, people standing
ရန်ကုန် ဇွန် ၁၅




မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး နှင့် ပြည်သှူဆက်ဆံရေးဦးစီးဌာနသည် International Media Support - IMS ၊ Fojo Media Institute တို့နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ် နားလည်မှုစာချွန်လွှာ သက်တမ်းတိုး လက်မှတ်ရေးထိုးခြင်းကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးနှင့် ပြည်သှူဆက်ဆံရေးဦးစီးဌာန သည် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ အခြေစိုက် IMS၊ ဆွီဒင်နိုင်ငံ ကာလ်မာ မြို့ အခြေစိုက် Fojo တို့နှင့် ပူးပေါင်း၍ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေနှင့် မူဝါဒများ ရေးဆွဲချမှတ်ရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြဋ္ဌာန်း နိုင်ရေး၊ မီဒီယာသမားများ ကျင့်ဝတ်နှင့် အညီ ရေရှည်ရပ်တည်လုပ်ကိုင်ဆောင် ရွက်နိုင်ရေး၊ အမျိုးသားနှင့် အမျိုးသမီး များအားလုံး လူမှုအခြေပြု မီဒီယာကို အသုံးပြုပြီး သတင်းအချက်အလက်များ ရရှိနိုင်ရေးနှင့် ပြည်သှူရေးရာဆွေးနွေး ပွဲများတွင် ပါဝင်နိုင်ရေးတို့အတွက် ၂၀၁၃ ခုနှစ်မှစ၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၀၂၀ ပြည့်နှစ် မတ်လအထိ တစ်နှစ်သက်တမ်းတိုး လက်မှတ်ရေးထိုး ခြင်းကို ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် IMS/Fojo အစီအစဉ် မန်နေဂျာ Ms. Pernille Bo Kristensen တို့က ဆောင်ရွက်ခြင်းဖြစ်သည်။
ထိုသို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ခဲ့ရာတွင် မီဒီယာဖွံ့ဖြိုး တိုးတက်ရေး ညီလာခံများကျင်းပခြင်း၊ မီဒီယာသမားများအတွက် ပညာရပ် ဆိုင်ရာနှင့် ဥပဒေရေးရာများ သိရှိ နားလည်ပြီး ဘေးကင်းလုံခြုံစွာ တာဝန် ထမ်းဆောင်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများ ပြုလုပ်ပေးခြင်း၊ တိုင်းရင်း သား ဘာသာစကားဆိုင်ရာ ရုပ်သံအစီ အစဉ် ထုတ်လွှင့်မှုနှင့် တိုင်းရင်းမီဒီယာ ညီလာခံ ကျင်းပရေးအတွက် ကူညီ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
ယခုနှစ် နားလည်မှုစာချွန်လွှာအရ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ၊ တိုင်းရင်း မီဒီယာညီလာခံနှင့် မဏ္ဍိုင် လေးရပ်ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အတွက် ကူညီထောက်ပံ့ပေးရန်၊ Multi Media ပညာရပ်ဆိုင်ရာ သင်တန်းများကို နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း ဖွင့်လှစ်ပေးရန်၊ ဧရာ၀တီတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်အတွင်းရှိ ကျေးရွာ အချို့တွင် ရှေ့ပြေးရေဒီယိုစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်များ ပါဝင်ကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment