Wednesday, March 28, 2018

လားရှိုးခရိုင်၊ ကျောက်မဲခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်မည်

Image may contain: sky and outdoor
လားရှိုး မတ် ၂၇
ကျောက်မဲခရိုင် နမ္မတူမြို့နယ်ရှိ ၂၃ဝ/၆၆/ ၁၁ကေဗွီ၊ ၆ဝ အမ်ဗွီအေမန်စံပင်မဓာတ်အား
ခွဲရုံမှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်(မ)၊ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း၊သိန်းနီ၊ ကွတ်ခိုင်၊
တာမိုးညဲ၊ ကောင်းခါးမြို့များနှင့်ပတ်ဝန်းကျင်
ကျေးရွာများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ
ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။ ၎င်းမန်စံ
ပင်မဓာတ်အားခွဲရုံတွင် ၂၃ဝ ကေဗွီSwitch-bayတစ်စုံ၊၂၃ဝ/၆၆/၁၁ ကေဗွီ၊ ၁ဝဝ အမ်ဗွီအေ
ဓာတ်အားခွဲရုံတစ်ရုံနှင့် ၆၆ ကေဗွီSwitch-bay
တစ်စုံ တိုးချဲ့တည်ဆောက်လျက်ရှိရာ တည်
ဆောက်ရေးလုပ်ငန်းများ ဧပြီလကုန်တွင် ပြီးစီး
မည်ဖြစ်သည်။
အလားတူမန်စံ-လားရှိုး ၆၆ ကေ ဗွီဓာတ်အား
လိုင်း ၂၉ မိုင် အသစ်ထပ်မံတိုးချဲ့တည်ဆောက်
ခြင်းနှင့် ၆၆/၃၃ကေဗွီ လားရှိုးထပ်ဆင့်ဓာတ် အားခွဲရုံတွင် ၆၆ ကေဗွီSwitch-bayတစ်စုံ
တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ် မေလအကုန်တွင်
တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးအောင် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။
၆၆/၃၃ ကေဗွီ လားရှိုးထပ်ဆင့်ဓာတ်အားခွဲရုံ
ရှိ၆၆/၃၃ကေဗွီ၊ ၂ဝ အမ်ဗွီအေထရန်စဖော်မာ နှစ်လုံးမှ ထရန်စဖော်မာ တစ်လုံးအား ၃ဝ အမ်ဗွီ
အေ ထရန်စဖော်မာ တစ်လုံးဖြင့် အင်အား တိုး
မြှင့်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို ၂ဝ၁၇ ခုနှစ်
နိုဝင်ဘာတွင်လည်းကောင်း၊ ၃၃/၁၁ ကေဗွီ
လားရှိုးဓာတ်အားခွဲရုံ အမှတ် (၂) တွင်လည်း ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေထရန်စဖော်မာ နှစ်လုံးအား ၁ဝ အမ်ဗွီအေထရန်စဖော်မာ နှစ်လုံး
ဖြင့် အင်အားတိုးမြှင့် လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်း
ကို ၂ဝ၁၈ ခုနှစ် မတ်လတွင်လည်းကောင်း ကြို တင်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။
အဆိုပါ လုပ်ငန်းများ တည်ဆောက်ခြင်းဖြင့် လားရှိုးခရိုင်၊ ကျောက်မဲခရိုင်နှင့် မူဆယ်ခရိုင်
အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားပိုမို
တိုးတက်ရရှိပြီး လျှပ်စစ်ဓာတ်အားပြည့်ဝစွာ
ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ
ရုံးမှ သိရသည်။
ဟန်ဌေး(လားရှိုး)

No comments:

Post a Comment