မုံရွာမြို့တွင်ကျင်းပမည့် ချင်းတွင်းသင်္ကြန်
အတွက် ထုလုပ်နေသော စင်ကာပူမှ သဲပန်းပု
ပညာရှင်က သဲပန်းပုနှင့်ပတ်သက်၍ ပညာ
ရယူလိုပါက ယခုထုလုပ်နေချိန်တွင် လက်
တွေ့လာရောက်လေ့လာနိုင်သလို ပန်းပု
ထုလုပ်သည့် အချိန်အားလျှင် ပန်းပုထုပညာ
ကို မျှဝေကူညီသင်ကြားပေးမည်ဖြစ်ကြောင်း
သဲပန်းပု တာဝန်ခံ ကိုစံလင်းကပြောကြား သည်။

''သဲပန်းပုပညာနဲ့ပတ်သက်ပြီး စင်ကာပူ
ပညာရှင်အနေနဲ့ အားတဲ့အချိန်မှာ ပြောပြ
သင်ကြား ကူညီပေးသွားမှာဖြစ်ပါတယ်၊ လက်ရှိထုလုပ်နေတဲ့ အချိန်မှာ လာကြည့်ဖို့
ကိုလည်း ဖိတ်ထားပါတယ်၊ မြန်မာ့ရိုးရာ
ယဉ်ကျေးမှုရယ် စစ်ကိုင်းတိုင်းဒေသကြီး
ထဲက ရှားပါးနေပြီဖြစ်တဲ့ တိရစ္ဆာန်တွေရဲ့
ပုံတွေကို ပြုလုပ်သွားမှာပါ၊ မတ် ၂၁ ရက် ကစပြီး စင်ကာပူပညာရှင်က သဲပန်းပုကို
စလုပ်နေတာ ရက် ၂ဝ လောက် အချိန်ယူရပါ
မယ်၊ အရုပ်ကတော့ ဘာလုပ်မယ်ဆိုတာရှိ
ပြီးသားပါ၊ ဒါပေမဲ့ မပြောသေးဘူး'' ဟု
ကိုစံလင်းက ပြောသည်။

စင်ကာပူနိုင်ငံမှ3Dသဲပန်းပုပညာရှင် တန်ဂျူးဟန်က၁၈ပေအမြင့်ရှိသော သဲပန်းပု
ကို ထုဆစ်မည်ဖြစ်ပြီး အမေရိကန်နှင့် ဥရောပအပါအဝင် တစ်ကမ္ဘာလုံးမှ3Dသဲပန်းပု ချန်ပီယံဆုပေါင်း ၁ဝ ခုကျော် ရရှိခဲ့သူဖြစ်သလို စစ်ကိုင်းတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် လက်ရာများအပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးမည့်
လက်ရာများ ပါဝင်မည်ဟု သိရသည်။

''သဲပန်းပုအမြင့်က ၁၈ ပေခန့်ရှိပြီး နောက်
ထပ် ငါးရက်လောက်နေရင် ပုံပေါ်ပါပြီ၊ အပေါ်က ပုံစံသွင်းထားတာကို အရင်ခွာပြီး
အပေါ်ကစပြီး ပုံဖော်သွားမှာဖြစ်ပါတယ်၊ သဲရယ်၊ ရေရယ်၊ နုန်းမြေနည်းနည်းရယ်
ရောလုပ်တာပါ၊ စင်ကာပူပညာရှင်နဲ့ အတူ ၁ဝ ဦးလောက်ကကူညီနေကြတာပါ၊ မြန်မာ
နိုင်ငံမှာဒါပထမဆုံးပဲ၊ ဒါပထမဆုံးဖြစ်
တော့ နောက်ပိုင်းတက္ကသိုလ်က ကျောင်းသား
တွေ သဲပန်းပုထုတတ်သွားရင် နိုင်ငံခြားအကူ
အညီမပါဘဲနဲ့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့
လုပ်ဖို့ဆန္ဒရှိတယ်၊ နောက်ပိုင်းမှာသဲပန်းပု
ပြပွဲပြိုင်ပွဲလိုမျိုး လုပ်ပေးရင် မြန်မာ့အနု
ပညာအတွက် ပိုကောင်းပါတယ်'' ဟု ကိုစံ
လင်းက ပြောသည်။

သဲပန်းပုနှင့်ပတ်သက်၍ ဒေါက်တာဘွဲ့
ရထားသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနု
ပညာတက္ကသိုလ် ရန်ကုန်မှ ကိုပြည့်ဖြိုးကျော်
နှင့်အတူ ဆရာများ၊ ကျောင်းသားများ
စုပေါင်းထုလုပ်ကြမည်ဖြစ်ရာ သဲပန်းပု
အနေဖြင့် ပထမဆုံးအကြိမ် အတွေ့အကြုံ
ဖြစ်ကြောင်း မန္တလေးယဉ်ကျေးမှုတက္ကသိုလ်
တတိယနှစ်ကျောင်းသား ဖိုးဝလုံးက ပြော ကြားသည်။

''ကျောင်းသား ၁ဝ ဦး၊ ရန်ကုန်ယဉ်ကျေးမှု
တက္ကသိုလ်က ဆရာ သုံးဦး၊ မန္တလေး ယဉ်
ကျေးမှုတက္ကသိုလ်က သုံးဦးပါမယ်၊ ရိုးရာ
သင်္ကြန်နဲ့ ပတ်သက်တဲ့ သဲပန်းပုထုမှာပါ၊ ဆရာတွေ ဒီဇိုင်းဆွဲပေးထားတာရှိပါတယ်၊
ရှစ်ပေနဲ့ ၁ဝ ပေကြားမှာရှိတဲ့ မတ်တတ်ရပ်
သုံးရုပ်နဲ့ အလှဲနှစ်ရုပ်၊ သဲပန်းပု ငါးရုပ်
လောက် ထုမှာပါ။ မြန်မာ့ရိုးရာဆန်တဲ့ ရေ
လောင်းနေတဲ့အရုပ်နဲ့ ရေပက်နေတဲ့ အရုပ်
တွေကို ထုလုပ်သွားမှာပါ'' ဟု မန္တလေး
ယဉ်ကျေးမှုတက္ကသိုလ် တတိယနှစ်ကျောင်း
သား ဖိုးဝလုံးက ပြောသည်။

''ကျွန်တော်တို့ကျောင်းမှာ သင်ယူရတာက
ရွှံ့နဲ့ထုတဲ့ပန်းပုပါ၊ ပြီးမှ ကြေးနဲ့ ဖိုက်ဘာ
လောင်းတာတို့လုပ်ပါတယ်၊ အခုကတော့ သဲနဲ့ တိုက်ရိုက်ထုတာပေါ့၊ ကျောင်းမှာ
တော့ သဲကျောက်ထုတာတွေတော့သင်ရပေ
မယ့် သဲပန်းပုကျတော့ မြန်မာနိုင်ငံအနေနဲ့
ဈေးကွက်အနေနဲ့ကော အနုပညာအနေနဲ့ပါ
ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေပါသေးတယ်၊ နောက်လုပ်မယ့်ပွဲတွေအတွက် လက်ရာ
ကောင်းလာစေဖို့ အခုပွဲက အများကြီး အထောက်အကူရစေပါတယ်၊ မြန်မာနိုင်ငံ
မှာလည်း သဲပန်းပုထုလုပ်တာပထမဆုံးဖြစ်
တယ်လို့ မြင်တဲ့အတွက် အနယ်နယ်အရပ်
ရပ်က သင်္ကြန်လာလည်မယ့် မိတ်ဆွေတွေ
အနေနဲ့ အရောက်လာခဲ့ကြဖို့ ဖိတ်ခေါ်ပါ
တယ်'' ဟု ဖိုးဝလုံးက ဆက်လက်ပြောကြား
သည်။

မျိုးဝင်းထွန်း(မုံရွာ)
No comments:
Post a Comment