Wednesday, March 28, 2018

သံတမန်ဆက်ဆံမှု နှစ်(၇ဝ) ပြည့်အထိမ်းအမှတ် အကြားအာရုံချို့ယွင်းသူများအား အခမဲ့ကုသပေး

Image may contain: 2 people, people sitting and child
လွိုင်ကော် မတ် ၂၇
မြန်မာ-ထိုင်း သံတမန်ဆက်ဆံမှု ထူထောင်
ခြင်း နှစ် (၇ဝ) ပြည့် အထိမ်းအမှတ်အဖြစ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်
ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန မြန်မာ
နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတို့ ဦးဆောင်မှုဖြင့်
ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံ ကြီးနှင့် ထိုင်းနိုင်ငံ Ragavithi ဆေးရုံတို့ ပူး
ပေါင်း၍ Ear Surgery Mobile Unit အစီ
အစဉ်အရ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် နားရောဂါလူနာများအား အခမဲ့ခွဲစိတ်ကုသမှု
အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို မတ် ၂၆
ရက် နံနက် ၁ဝ နာရီက ပြုလုပ်သည်။
ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ
ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက အဖွင့်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ
သံအမတ်ကြီးH.E.Mr.Jukr Boom-Longက အမှာစကားပြောကြားသည်။
ယင်းနောက် လွိုင်ကော်ပြည်သူ့ဆေးရုံ
ကြီးအတွင်း နားအကြားအာရုံဝေဒနာခံစား
နေရသူများအား အခမဲ့စစ်ဆေးခြင်း၊ ကုသ
ခြင်း ဆောင်ရွက်နေမှုတို့ကို ကယားပြည်နယ်
တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်
လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်း
စစ်ချုပ်နှင့်ဧည့်သည်တော်များက လှည့်လည်
ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယခုကုသမှုအစီအစဉ်တွင် လက်ရှိ လူနာ ၄ဝဝ လာရောက် စာရင်းပေးသွင်းထားပြီး၊ မတ် ၂၈ ရက်အထိ ကုသပေးသွားမည်ဖြစ် ကြောင်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့
Rajavithi ဆေးရုံမှ Dr.Soontom Antarasena ခွဲစိတ်ဆရာဝန်ကြီးနှင့်အဖွဲ့၊
မယ်ဟောင်ဆောင်ခရိုင်ဝန် Mr.Suebsak
Eaimvijarn၊ ထိုင်းTBc(မယ်ဟောင်ဆောင်)ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဝါရာတက်ဘွန်ရတို့ ပါဝင်
သော ထိုင်းနယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်
လည်ပင်းခွဲစိတ်ကုသပညာဌာန၊ ဆေးတက္ကသိုလ်
(၁) ရန်ကုန်မှ ဆရာဝန်များက အားဖြည့်
ပူးပေါင်းဆောင်ရွက်ပြီး ကယားပြည်နယ်တွင်
ပထမဆုံး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။
ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment