Wednesday, March 28, 2018

တစ်ပတ်အတွင်း အားကစားသတင်းသုံးသပ်ချက်

Image may contain: 2 people, people playing sports, grass and outdoor
ဒီတစ်ပတ်မှာတော့ ကလပ်အသင်းပွဲစဉ်တွေ ရပ်နားထားပြီး နိုင်ငံတကာခြေစမ်းပွဲတွေ ဆက်တိုက်ကစားနေခဲ့ကာ ကမ္ဘာ့ဖလားအတွက် ခြေသွေးကြ
တဲ့ အသင်းတွေ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲမအောင်ခဲ့တဲ့ နာမည်ကြီး အီတလီ၊ နယ်သာလန်တို့လို အသင်းတွေကလည်း အသင်းကြီးတွေနဲ့ ခြေစမ်းခဲ့ပါ တယ်။ အာရှဖလားပွဲအတွက် ခြေစစ်ပွဲကစားခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ ရှုံးပွဲကလည်း
မြန်မာပရိသတ်တွေအတွက် ဒေါသဖြစ်စရာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ရုပ်သံ၊ ပုံနှိပ်မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ မရိုးနိုင်တဲ့ ဝေဖန်မှုတွေ ခုထိ ထွက်နေဆဲပါပဲ။
အာရှဖလား မျှော်လင့်ချက် အဆုံးသတ်ခြင်းနဲ့အတူ
မြန်မာလက်ရွေးစင်အသင်းနဲ့ ကာဂျစ်စတန်အသင်းတို့ယှဉ်ပြိုင်ခဲ့တဲ့
အာရှဖလားခြေစစ်ပွဲမှာ မြန်မာအသင်းက ငါးဂိုး-တစ်ဂိုးနဲ့ အရေးနိမ့်တာ
ကြောင့် အာရှဖလားခြေစစ်ပွဲ နောက်တစ်ဆင့်တက်ရောက်ဖို့ မျှော်လင့်ချက်
လုံးဝအဆုံးသတ်သွားခဲ့ပါတယ်။ ဒီပွဲကို မကြည့်ဖြစ်ဘဲ ရလဒ်ကို ကြည့်ပြီးဆုံးဖြတ်ရင်တောင် ဒါဟာ ခြေစွမ်းပိုင်းအတော်ကွာဟခဲ့တဲ့ အနေအထားဖြစ်မယ်ဆိုတာ လွယ်လွယ်ကူကူပဲ ခန့်မှန်းနိုင်ပါတယ်။
မြန်မာနဲ့ ကာဂျစ်စတန်တို့ ပထမအကျော့တွေ့ဆုံစဉ်က ရလဒ်က နှစ်ဂိုးစီ သရေကျတယ်ဆိုပေမယ့် မြန်မာအသင်းက ခြေစွမ်းပိုင်း အသာရခဲ့တာကလည်း ရှိတော့ မြန်မာပရိသတ်တွေ ဒီပွဲကို မျှော်လင့်တကြီးနဲ့ စောင့်ကြည့်ခဲ့ကြတာပါ။ ဒါ့အပြင် အားကစားစာစောင်တွေ၊ အွန်လိုင်းမီဒီယာတွေကလည်း ပွဲမကစားခင် နှစ်ပတ်လောက်အလိုကတည်းက ဝေဝေဆာဆာ ဖော်ပြ
ကာ ပံ့ပိုးပေးခဲ့ကြပါတယ်။
ရလဒ်ပိုင်းအရတော့ ငါးလအတွင်း ကာဂျစ်စတန် အများကြီး
တိုးတက်လာခဲ့သလား၊ မြန်မာအသင်းကကော ဘာတွေလုပ်နေခဲ့
သလဲ ဒါလည်း စဉ်းစားစရာရှိပါတယ်။ အမှန်တော့ ကာဂျစ်စတန် ကောင်းလာတာ ထက် မြန်မာအသင်း အင်မတန် ညံ့ခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကာဂျစ်စတန်ဟာ မြန်မာအသင်းကို မိနစ် ၉ဝ လုံး တစ်ဖက်သတ်ဖိကစားသွားခဲ့ပြီး မြန်မာအသင်းကတော့ အရှုံးအတွက် အဆင်သင့်ဖြစ်နေတဲ့ပုံစံနဲ့ ကစားသွားခဲ့တာကို ကြည့်နေရင်း ပြောစရာစကားတောင် အစရှာမရအောင် ပျောက်သွား ခဲ့ပါတယ်။
ဒီမှာ အဓိက ပြောစရာရှိတာက နည်းပြ ဂတ်ဆီဇီရဲ့ နည်းဗျူဟာနဲ့ လူထုတ်
ပုံပါ။ နည်းပြဂတ်က ၃-၄-၃ ကစားကွက်ကို ခင်းကျင်းပြီး နောက်တန်းမှာ ရန်အောင်ကျော်၊ ဇော်မင်းထွန်း၊ ကျော်စွာလင်းတို့လို တစ်ခါမှ တွဲဖက်
ကစားဖူးခြင်းမရှိတဲ့ ခံစစ်ကို ခင်းကျင်းခဲ့တယ်။ ကျော်စွာလင်းက လက်ရွေးစင်အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရတာဖြစ်သလို ရန်အောင်ကျော်က ကွင်းလယ်ကစားသမားပါ။ တိုက်စစ်မှာလည်း အောင်သူ၊ ရန်နိုင်ဦး၊ အီစိုးတို့
ကို တွဲဖက်ထားတယ်။ ရင်းနှီးမှုမရှိတဲ့ နည်းဗျူဟာရယ် သုံးနေကျမဟုတ်တဲ့ အတွဲအဖက်ရယ်က ပြိုင်ဘက်ကို သုံးမိနစ်အတွင်း နှစ်ဂိုးပေးလိုက်ရပါတယ်။ ကွင်းလယ်ကစားသမားတွေက ခံစစ်မှာ အချိန်ကုန်၊ တောင်ပံတိုက်စစ်ကို ပံ့ပိုးပေးမယ့် ကစားသမားပါ ပျောက်ဆုံးသွားပြီး ပထမပိုင်းတစ်ပိုင်းလုံးမှာ အောင်သူ ကန်တဲ့ ထိုးဖောက်မှု တစ်ကြိမ်ကလွဲရင် ဘာဂိုးသွင်းခွင့်မှ မည်မည်ရရ မရှိခဲ့ဘဲ ပွဲပြီးတော့ ငါးဂိုး-တစ်ဂိုးဆိုတဲ့ ရလဒ်ထွက်လာခဲ့ပါတယ်။
ဒီပွဲအပြီး သုံးရက်အကြာမှာ မြန်မာနည်းပြ ဂတ်ဆီဇီနဲ့ မြန်မာအသင်းတို့ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ကြပြီး လက်ကျန် မကာအိုနဲ့ပွဲကိုတော့ ယာယီ
နည်းပြ ဦးဇော်ဝင်းထွန်းက တာဝန်ယူကိုင်တွယ်သွားမှာဖြစ်တယ်လို့ သိရ
ပါတယ်။
မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ကြတဲ့ ရီးယဲလ် တိုက်စစ်အတွဲ
ရီးယဲလ်တိုက်စစ်မှူးတွေဖြစ်တဲ့ စီရိုနယ်လ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့ဟာ နိုင်ငံ
အသင်းတွေအတွက် ဝင်ရောက်ကစားခဲ့ကြချိန်မှာ မှတ်တမ်းကောင်းတွေ
အသီးသီးပိုင်ဆိုင်ခဲ့ကြတာကိုတွေ့ရပါတယ်။ စီရိုနယ်လ်ဒို
က ကမ္ဘာပေါ်မှာ နိုင်ငံတကာသွင်းဂိုး တတိယအများဆုံး
သွင်းယူတဲ့ ကစားသမားဖြစ်လာသလို ဂါရတ်ဘေးလ်က
လည်း ဝေးလ်အသင်းရဲ့ ထာဝရအများဆုံး ဂိုးသွင်း ရှင်ဖြစ်ခဲ့တာပါ။
တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ အီဂျစ်နဲ့ ပေါ်တူဂီတို့ ကစားခဲ့တဲ့ခြေ
စမ်းပွဲမှာ သွင်းဂိုးနှစ်ဂိုးသွင်းယူပြီး နောက် အခုလို မှတ် တမ်းကောင်း တစ်ရပ်ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းက အီဂျစ်တိုက်စစ်မှူး ဆာလာရဲ့ သွင်းဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပေမယ့် စီရိုနယ်လ်ဒိုက ပွဲပြီးခါနီးမှာ ချေပဂိုး အဲဒီနောက် အနိုင်ဂိုးကို ဆက်တိုက်ဆိုသလို သွင်းယူသွားပြီး သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုး အရေအတွက်ကလည်း ၈၁ ဂိုးအထိ ရောက်ရှိလာပါတယ်။
ဒီအတွက်ကြောင့် စီရိုနယ်လ်ဒိုဟာ အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီ
၁ဝ၉ ဂိုး၊ ဟန်ဂေရီတိုက်စစ်မှူးဟောင်း ပွတ်ရှ်ကတ်စ် ၈၄ဂိုးပြီးရင် ကမ္ဘာ
ပေါ်မှာ နိုင်ငံတကာသွင်းဂိုး တတိယအများဆုံး ဖြစ်လာခဲ့ပါပြီ။ စီရိုနယ်လ်ဒို
ဟာ ရာသီအစမှာ ခြေစွမ်းအတော်ကျဆင်းခဲ့ပေမယ့် ၂ဝ၁၈ ခုနှစ်အတွင်း
ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၂၃ဂိုးအထိ သွင်းယူထားနိုင်ပြီး ဖြစ်ပါတယ်။ ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကတော့ ''သူသာ ကွင်းထဲမှာရှိနေရင် ဂိုးတွေအမြဲတမ်း ရှိနေတတ်ပါတယ်'' လို့ ချီးကျူး စကားဆိုခဲ့ပါတယ်။
ဝေးလ်တိုက်စစ်မှူး ဘေးလ်ကတော့ တရုတ်ဖလား ဖိတ်ခေါ်ပြိုင်ပွဲမှာ အိမ်ရှင်တရုတ်အသင်းကို သုံးဂိုးသွင်းယူနိုင်ခဲ့ခြင်းနဲ့အတူ ရီးယဲလ်အသင်း
ဖော် စီရိုနယ်လ်ဒိုလိုပဲ နိုင်ငံအသင်းနဲ့ အံ့အားသင့်ဖွယ်မှတ်တမ်းတစ်ရပ်ကို
ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။
ဘေးလ်ဟာ ပွဲကစားချိန် မိနစ် ၂ဝမှာ ယခင်စံချိန်ရှင် ရက်ရှ်နဲ့ သွင်းဂိုး
စံချိန်တူညီတဲ့ သွင်းဂိုးကို သွင်းယူခဲ့ပြီးနောက် ပွဲချိန် ၆၂မိနစ်တွင် ဝေးလ်
အတွက် စံချိန်သစ်ဖြစ်လာမယ့် သူ့ရဲ့ ၂၉ဂိုးမြောက် သွင်းဂိုးကို သွင်းယူ
သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဘေးလ်က ''နိုင်ငံအသင်းအတွက် ဘာပဲ
လုပ်ဆောင်ပေးနိုင်နိုင် ဒါက အထွတ်အထိပ်ပါပဲ''လို့ ပြောကြားခဲ့
တာကို ဝေးလ်အသင်းရဲ့ ထာဝရအများဆုံး သွင်းဂိုး စံချိန်ရှင်ဖြစ် ခြင်းကရီးယဲလ်နဲ့ ချန်ပီယံလိဂ် ဖလား သုံးကြိမ် ရယူနိုင်ခြင်းထက် ပိုပြီး ကောင်းမွန်တယ် လို့ ဆိုလိုခြင်းဖြစ်တယ် လို့ The Sunသတင်းဌာန
က ခေါင်းစီးတပ် ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။
တရုတ်ဘောလုံးလောကအတွင်း တက်တူးစစ်ပွဲဆင်နွှဲ
တရုတ်အစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ တက်တူးထိုးထားတဲ့ ပုံရိပ်တွေ
ရုပ်သံမှာ ပြသတာမျိုး မရှိရဘူးဆိုတဲ့ တားမြစ်ချက် ထုတ်ခဲ့ပြီး နှစ်လအကြာမှာ ကစားခဲ့တဲ့ တရုတ်နိုင်ငံတကာဖိတ်ခေါ်ဖလားပြိုင်ပွဲ ဝေးလ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ တရုတ်ကစားသမားတွေဟာ သူတို့ရဲ့ တက်တူးတွေကို ကာကွယ်ထားတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒီတားမြစ်ချက်ဟာ တရုတ်ဘောလုံးလောက အတွက်ပါ အကျုံးဝင်တဲ့ ကြေညာချက်ဖြစ်တယ်လို့ အေအက်စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါဟာ တရုတ်ယဉ်ကျေးမှု တန်ဖိုးနဲ့ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဖို့အတွက် ''တက်တူးစစ်ပွဲ'' ကို ဆင်နွှဲတာလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းကစလို့ တရုတ်စူပါလိဂ်ကို နာမည်ကျော် ကစားသမားတွေ လာရောက်ကစားကြပြီး အများစုဟာ တက်တူးကို ထင်ထင်ရှားရှားထိုးထားတာသူများဖြစ်ကြပါတယ်။ ဒီလို ကစားသမားတွေရဲ့ တက်တူးပုံစံအမျိုးမျိုးကို
ရုပ်သံတွေမှာ မြင်တွေ့နေရပေမယ့် ဝေးလ်နဲ့ ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်မှ သာ တရုတ်ကစားသမားတွေ တက်တူးတွေကိုဖုံးဖို့ ဒီလိုအကာအကွယ်တွေ အသုံးပြုခဲ့တာကြောင့် ဒါဟာ နိုင်ငံလက်ရွေးစင်ကစားသမားတွေသာ မဖြစ်မနေ လိုက်နာရမယ့် စည်းမျဉ်းလားဆိုတာ ခုထိတော့ အတည်ပြု
ဖို့ခက်ပါတယ်။
တရုတ်အသင်းဟာ ၂ဝ၂၂ ကမ္ဘာ့ဖလားအတွက် ရည်မှန်းချက် မြင့်မြင့်
မားမားထားရှိထားပြီး အီတလီလူမျိုးလစ်ပီကို တစ်ပတ်လုပ်ခပေါင် ၃၅ဝဝဝဝနဲ့ လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာကြောင့် လစ်ပီဟာ ကမ္ဘာ့ ကြေးအကြီးဆုံး နည်းပြဖြစ်လာပါတယ်။
မေလဲ့သင်း

No comments:

Post a Comment