မန္တလေးတိုင်းဒေသကြီး စားသောက်ကုန်ထုတ်လုပ်
တင်ပို့ရောင်းချသူများအသင်းက ကြီးမှူး၍စီးပွားရေး
နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာ
ရေးနှင့် အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်း
ဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြန်မာနိုင်ငံစားသောက်
ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့
ပူးပေါင်းဆောင်ရွက်သော မြန်မာ့စားသောက်ကုန် များ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဟောပြောဆွေးနွေးပွဲ
ကို မတ် ၂၇ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ
မန္တလေးမြိုတော်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်တို့က အဖွင့်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံ စားသောက်ကုန်
တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဆရာကြီး ဒေါက်တာအောင်ထွန်း သက်က 'မြန်မာ့စားသောက်ကုန် ဖွံ့ဖြိုးတိုးတက်ရေး
ဆီသို့' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူ ရေးရာ ဗဟိုကော်မတီဝင် ဒေါက်တာအောင်မြင့်က
ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ
ထုတ်လုပ်ရောင်းချမှုဆိုင်ရာ နိုင်ငံတော်မှ ဆောင်
ရွက်ထားမှုများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ
ရေးဦးစီးဌာန(မန္တလေး) ဒုတိယညွှန်ကြားရေးမှူး
ဒေါက်တာကျော်ကျော်က အစားအသောက်
ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက် ချက်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီး
ဌာန ညွှန်ကြားရေးမှူး ဦးဆွေတင်ကြူးက စားသုံးသူ
အကာအကွယ်ပေးရေးဥပဒေနှင့် စားသောက်ကုန်
များ၏ အခန်းကဏ္ဍကိုလည်းကောင်း၊ မြန်မာနိုင်ငံ
စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦးက ဘေး
အန္တရာယ်ကင်းရှင်းသော စားသောက်ကုန်ထုတ် လုပ်မှု လိုအပ်ချက်များကိုလည်းကောင်း၊ အစာ
အာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်းမှ
ဒေါ်ဝင်းဝင်းကြည်က ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များထုတ်လုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးခေါင်းစဉ်များဖြင့်ဟောပြော
ဆွေးနွေးကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်
နှင့် ဧည့်သည်များသည် စားသောက်ကုန်များ ခင်း
ကျင်းပြသထားသည့် ပြခန်းများကိုကြည့်ရှုအားပေး
ကြသည်။

မြန်မာ့စားသောက်ကုန်များ ဈေးရောင်းပွဲတော် ကိုမတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နံနက် ၉ နာရီ
မှ ည ၉ နာရီအထိ ခင်းကျင်းပြသရောင်းချမည်ဖြစ်
ပြီး စားသုံးသူရေးရာဦးစီးဌာန အစားအသောက်
နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှလည်း ပညာ
ပေးပြခန်းများ ပြသထားကြောင်းသိရသည်။

စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊
မြန်မာ့စားသောက်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊
ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီ
သော စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်း
ချရေး၊ သွင်းကုန်အစားထိုးစားသောက်ကုန်များ
ဖွံ့ဖြိုးတိုးတက်ရန်နှင့် ထုတ်လုပ်တင်ပို့ရောင်းချနိုင်
ရေး၊ ပြည်ပမှ အရည်အသွေးစံမမီသော စားသောက်
ကုန်တင်သွင်းလာမှုအား တားဆီးရေး၊ ဒေသ
အလိုက်ထွက်ရှိသော စားသောက်ကုန်များ ဘေး
အန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ
ထုတ်လုပ်ရောင်းချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပ
ခြင်းဖြစ်ကြောင်း သိရသည်။

သီဟကိုကို(မန္တလေး)
No comments:
Post a Comment