
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဂိုးသမားသစ်တစ်ဦး ခေါ်ယူဖို့ ဆန္ဒရှိနေတဲ့အသင်းတစ်သင်းဖြစ်ပြီး လက်ရှိအချိန်မှာ အီတလီစီးရီးအေ ကလပ်ရိုးမားအသင်းမှ ဘရာဇီးဂိုးသမား အဲလစ်ဆင်ကို ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။
ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ မန်ယူဂိုးသမား ဒေးဗစ်ဒီဂီယာနဲ့ ချယ်လ်ဆီးဂိုးသမား ကော်တိုရစ်တို့ကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီကစားသမားတွေကို ခေါ်ယူဖို့မဖြစ်နိုင်တော့တာ ကြောင့် လက်ရှိဂိုးသမားကေလာနားဗက်နေရာမှာ အစားထိုးဖို့ နံပါတ် တစ်ဂိုးသမားတစ်ဦးအဖြစ် အဲလစ်ဆင်ကို ပစ်မှတ်ထားလာတာဖြစ် ပါတယ်။
မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုးမားဂိုးသမား အဲလစ် ဆင်ကို ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နွေရာသီအပြောင်းအရွှေ့ကာလ အစပိုင်းအချိန်မှာပင် ခေါ်ယူဖို့စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။
ရိုးမားဂိုးသမား အဲလစ်ဆင်ကို ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူ မယ်ဆိုပါက ပြောင်းရွှေ့ကြေးယူရို သန်း ၅ဝ(ပေါင် ၄၃ ဒသမ ၉ဝ သန်း)နှင့် ယူရိုသန်း ၆ဝ(ပေါင် ၅၂ ဒသမ ၆၈ သန်း)ကုန်ကျမည်ဖြစ် ကြောင်းပြောကြားထားခဲ့တာဖြစ်ပြီး မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်း တို့ကလည်း သူတို့ရဲ့ကစားသမားတွေကို ခေါ်ယူဖို့အလိုရှိနေရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁ဝဝ(ပေါင် ၈၇ ဒသမ ၈ဝ သန်း)ပေးပြီး ခေါ်မှသာ ရောင်းချမယ်လို့ ဆိုထားပါတယ်။
လက်ရှိရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေ တဲ့ ဂိုးသမားသုံးဦးစလုံးဟာ ၂ဝ၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံအသီးသီးကနေ လက်ရွေးစင်ဂိုးသမားများအဖြစ် ပါဝင်လာကြမည်ဖြစ်သည်။
အဲလစ်ဆင်မှာ ဘရာဇီးအသင်းက အိမ်ရှင်ရုရှားအသင်းကို သုံး ဂိုးပြတ်နိုင်ပွဲရရှိခဲ့ရာမှာ ပေးဂိုးမရှိစံချိန်တင်ထားသူဖြစ်ပြီး ဒီဂီယာဟာ စပိန်နိုင်ငံအသင်းအတွက် ၂၆ ပွဲနဲ့ ကော်တိုရစ်ဟာ ဘယ်လ်ဂျီယံ အသင်းနဲ့အတူ ၅၅ ပွဲအထိ ပါဝင်ကစားထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ငွေကြယ်
No comments:
Post a Comment