Saturday, March 25, 2017

YBSယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲရန် အများပိုင်ဘတ်စ်ကားကုမ္ပဏီများမှ မှာယူထားသော ယာဉ်သစ်များ ရောက်ရှိ



Image may contain: 1 person, outdoor
ရန်ကုန် မတ် ၂၄
YBS ဘတ်စ်ကားလိုင်းများတွင် ထည့်သွင်းပြေးဆွဲရန် အများပိုင် ဘတ်စ်ကား ကုမ္ပဏီများမှ မှာယူထားသော ဘတ်စ်ကားသစ်များ ရောက်ရှိပြေးဆွဲလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
YBS ယာဉ်လိုင်းများတွင် ပြေးဆွဲရန် ယာဉ်အစီးရေ လိုအပ်ချက်ရှိနေရာ အစိုးရ၏ အစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ အစိုးရချင်းချိတ်ဆက်မှုစနစ်ဖြင့် ဘတ်စ်ကားအစီး ၁ဝဝဝ ဝယ်ယူထားခြင်းအပြင် ပုဂ္ဂလိက ဘတ်စ်ကား လိုင်းကုမ္ပဏီများက ပြည်ပမှ မှာယူထားသော ဘတ်စ်ကားများလည်း လတ် တလောတွင် ရောက်ရှိပြေးဆွဲလျက်ရှိကြောင်း သိရသည်။
YBPC (ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ)က အစီး ၁ဝဝ မှာထားတာမှာ အစီး ၃ဝ ရောက်ရှိနေပါပြီ။ ဒီကားလိုင်းက အရင်ကBRT Liteအန ယာဉ်လိုင်း ပြေးဆွဲခဲ့တဲ့ အများပိုင်ကုမ္ပဏီဖြစ်ပါတယ်။ အခုတော့YBS ၃၇ ယာဉ်လိုင်းမှာ ဝင်ရောက်ပြေးဆွဲနေပါတယ်။ ကားတွေအားလုံးကတော့ အသစ်တွေပါပဲ။ လေအေးပေးစက်ပါပြီး ကတ်စနစ်သုံးတဲ့ ငွေပေးချေစနစ်ကို လည်း ကျင့်သုံးနေပါတယ်။ အခြားယာဉ်လိုင်းကုမ္ပဏီတွေရဲ့ ကားတွေလည်း အစီး ၄ဝ၊ ၅ဝ လောက် နည်းနည်းချင်းစီ ရောက်ရှိနေတယ်လို့ သိရပါတယ်။ အစိုးရက မှာယူထားတဲ့ ကားတွေက ဧပြီလကုန်ပိုင်းလောက်မှာ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
အများပိုင် ဘတ်စ်ကားလိုင်း ကုမ္ပဏီများကလည်း ကုမ္ပဏီအလိုက် ကားသစ်များ ဝယ်ယူဖြည့်တင်းလျက်ရှိသည့်အပြင် အစိုးရချင်း ချိတ်ဆက် ဝယ်ယူမှုအစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူမည့် ခရီးသည်တင်ယာဉ်အသစ်Brand Newအစီး ၁ဝဝဝ ကို ပထမဦးစွာ စတင်ဝယ်ယူသွားမည်ဖြစ်ပြီး ယင်းသို့ အစိုးရချင်း ချိတ်ဆက်မှုဖြင့် ဈေးနှုန်းသင့်တင့်ကောင်းမွန်သော ကားများ ဝယ်ယူရန် ညှိနှိုင်းအဆင်ပြေပါက ဒုတိယအဆင့် ယာဉ်အစီးရေ ၃ဝဝဝ ထပ်မံဝယ်ယူသွားမည်ဟု သိရသည်။
(ဝဝ၁)

No comments:

Post a Comment