
ဘရပ်ဆဲလ် မတ် ၂၄
ဘယ်လ်ဂျီယံနိုင်ငံမြောက်ပိုင်း အန်ဝါပ်မြို့ရှိ လူစည်ကား သော ဈေးတစ်ဈေးတွင် လူအုပ်ထဲသို့ ကားကို အရှိန် ပြင်းစွာမောင်းနှင်ရန် ကြိုးပမ်းခဲ့သူအား လုံခြုံရေးအရာရှိ များက အချိန်မီ တားဆီးနိုင်သည့်အတွက် လူတစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ယနေ့သတင်းများ အရ သိရသည်။
လူအုပ်ထဲသို့ ကားကို အရှိန်ပြင်းစွာမောင်းနှင်ရန် ကြိုးပမ်းပြီးနောက် အဆိုပါ အကြမ်းဖက်သမားသည် ကား အတွင်းမှ ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ၎င်းအား လုံခြုံရေးအရာရှိများက ဖမ်းဆီးနိုင်ခဲ့သည်။
အသက် (၃၉)နှစ်ရှိသော အဆိုပါ အကြမ်းဖက်သမား သည် မြောက်အာဖရိကန်လူမျိုးတစ်ဦးဖြစ်ပြီး ¤င်း၏ကား အတွင်း၌ ရိုင်ဖယ်သေနတ်တစ်လက်နှင့် ဓားအများအပြား ယူဆောင်လာသည်ကို တွေ့ရှိရကြောင်း အာဏာပိုင်များက ဆိုသည်။
ယင်းအကြမ်းဖက်သမားသည် တူနီးရှားလူမျိုးဖြစ်သည် ဟု ယုံကြည်ရပြီး ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် နေထိုင် လျက်ရှိသည်ဟု ပြင်သစ်သတင်းအေဂျင်စီ အေအက်ဖ်ပီက သတင်းထုတ်ပြန်သည်။ ပြင်သစ်အာဏာပိုင်များက ၎င်းအား အကြမ်းဖက်သမားတစ်ဦးအဖြစ် နာမည်စာရင်း မသွင်းထားသေးကြောင်း အေအက်ဖ်ပီသတင်းအေဂျင်စီ၏ သတင်းကြေညာချက်တွင် ပါရှိသည်။
အကြမ်းဖက်သမားသည် အရက်အလွန်အကျွံသောက် ထားသည့်အတွက် လူအုပ်ထဲသို့ ကားဖြင့် အရှိန်ပြင်းပြင်း မောင်းနှင်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု သတင်းအေဂျင်စီ အချို့က သတင်းထုတ်ပြန်ကြသည်။
မတ် ၂၂ ရက်သည် ဘယ်လ်ဂျီယံနိုင်ငံ၏ လေဆိပ်နှင့် မြေအောက်ရထား အကြမ်းဖက်တိုက်ခိုက်ခံရမှု တစ်နှစ် ပြည့်သည့်နေ့ဖြစ်သည်။ အခင်းဖြစ်ပွားသည့် မတ် ၂၃ ရက်တွင် ဗြိတိန်ပါလီမန်အနီး၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားကာ လူလေးဦး သေဆုံးခဲ့သည်။
ဘယ်လ်ဂျီယံ ရဲအရာရှိများက ၎င်းအကြမ်းဖက်သမား သည် ပြီးခဲ့သော အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင် ပတ်သက်ခဲ့မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရ သည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment