Monday, March 27, 2017

မြန်မာအမျိုးသမီး ပရော်ဖက်ရှင်နယ်ဂေါက်သီးကစားသမား ယဉ်မေမျိုး Singha Championship 2017 ၌ ချန်ပီယံဆု ဆွတ်ခူး

Image may contain: 2 people, people smiling
ထိုင်း မတ် ၂၆
မတ် ၂၃ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ Rayong Valley Country Club ၌ ကျင်းပခဲ့သည့် Singha Championship 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသမီးပရော် ဖက်ရှင်နယ်ဂေါက်သီးကစားသမား ယဉ်မေမျိုးက ချန်ပီယံဆု ဆွတ်ခူး ရရှိခဲ့သည်။
ယဉ်မေမျိုးသည် သုံးရက်ပေါင်း ရိုက်ချက် ၇၅+၆၉+၇၄=၂၁၈ (+၅) ရိုက်ပြီး ထိုင်းနိုင်ငံ ကစားသမားများနှင့် ပြိုင်ဘက်ကစားသမားများကို ကျော်ဖြတ်ကာ ပထမဆုရရှိခဲ့ခြင်းဖြစ်သည်။
ယဉ်မေမျိုးအနေဖြင့် ပရော် ဖက်ရှင်နယ်ဂေါက်သီးရိုက် ကစားသမားအဖြစ် ကူးပြောင်းပြီးနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲတွင် ပထမဆုံး အောင်မြင်မှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသားပရော်ဖက်ရှင် နယ်ကစားသမား ရဲထက်အောင်သည် လေးရက်ပေါင်းရိုက် ၇၁+၇၃+၇ဝ+ ၇၂=၂၈၆(+၂)ဖြင့် အဆင့်(၃၉)တွင်ရပ်တည်ခဲ့ကာ သိန်းဇော်မြင့်သည် နှစ် ရက်ပေါင်းရိုက်ချက် ၇၅+၇ဝ=၁၄၅(+၃)ရိုက်ပြီး Miss-Cut ဖြစ်ခဲ့သည့် အတွက် ပြိုင်ပွဲဆက်လက် ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့ရသည်။
ယဉ်မေမျိုးသည် မြန်မာနိုင်ငံတွင် ထူးချွန်သောဂေါက်သီးအားကစား သမားများ ပေါ်ထွက်လာစေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် မြန်မာပြည်တွင်းပတ်လည်ပြိုင်ပွဲများမှပေါ်ထွက်လာသောကစားသမားတစ်ဦးဖြစ်ပြီး ၄င်း၏ဂေါက်သီး အားကစားအဆင့်အတန်း ပိုမိုအောင်မြင်စေရန် Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar) နှင့် စပွန်ဆာလက်မှတ်ရေးထိုးထားသည့် ဂေါက်သီးကစားသမား တစ်ဦးဖြစ်ကြောင်း သိရသည်။
ချန်ပီယံဆုရရှိခဲ့သည့် ယဉ်မေမျိုးသည် ၂ဝ၁၆ ခုနှစ်အတွင်းကလည်း ထိုင်းနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး All Thailand Golf Tour ၏ Order of Merit 2016 တွင် အဆင့် (၆) နေရာ၌ ရပ်တည်နိုင်ခဲ့သလို ရဲထက်အောင်မှာမူ အဆင့် (၃၇) နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
(ဖိုးသော်ဇင်)

No comments:

Post a Comment