Tuesday, March 28, 2017

(၇၂)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ ကျင်းပ

Image may contain: 3 people, crowd
ရန်ကုန် မတ် ၂၇
(၇၂) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိ ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သူရဦးတင်ဦးက ''ဒီကနေ့ အခမ်းအနားဟာ လွတ်လပ်ရေး ဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဟာ တပ်မတော်နဲ့ ပေါင်းစည်းညီညွတ်မှုဖြင့် ဖက်ဆစ်ကို အောင်မြင်စွာ တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ (၇၂)နှစ် မြောက် သမိုင်းဝင် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
ဒီဖက်ဆစ်တော်လှန်ရေး ကြီးမှာ တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံ ပါတီမှအစ အခြားနိုင်ငံရေး အင်အားစုများဟာ မတူခြားနားတဲ့ နိုင်ငံရေးခံယူချက်တွေ ဘယ်လောက်ပဲ ရှိနေရှိနေ အမျိုးသား လွတ်လပ်ရေးဆိုတဲ့ ဘုံရပ်တည်ချက်နဲ့ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြလို့ အချိန်တိုအတွင်းမှာ အောင်ပွဲရခဲ့ခြင်းဖြစ်ပါတယ်။
ဒီအောင်ပွဲရဲ့ရလဒ်ကြောင့် အမျိုးသားလွတ်လပ်ရေးကို ဂုဏ်ယူ ဝင့်ကြွားစွာ အရယူနိုင်ခဲ့ခြင်းဖြစ်ပါ တယ်''ဟု ပြောကြားသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၇၂)နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့ ကြေညာချက်ကို ဖတ်ကြားပြီး ယနေ့အခမ်းအနားသို့ ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် များမှ ပေးပို့လာသော သဝဏ်လွှာများ ကို မှတ်တမ်းတင်ခြင်းပြုလုပ်သည်။
ယနေ့အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ သံတမန်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းနှင့်ဓာတ်ပုံ
ဇော်ကြီး(ပဏီတ)

No comments:

Post a Comment